ကြွှေးမြီပြဿနာ ဆိုးရွားနေချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာခဲ့ရခြင်းက မန်ယူအသင်း၏ ဘဏ္ဍာရေးပြဿနာကို ပိုမိုဆိုးရွားလာစေခဲ့ပြီး၊ မန်ယူအသင်းသည် လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ကြွှေးမြီပြဿနာ ပိုမိုဆိုးရွားလာဖွယ်ရှိသည်ဟု လေ့လာသုံးသပ်သူများက ထောက်ပြခဲ့ကြသည်။
မန်ယူအသင်းသည် ၂၀၁၉-၂၀ ရာသီတွင် ကိုရိုနာဗိုင်းရပ်စ်ပြဿနာရိုက်ခတ်မှုကြောင့် ဝင်ငွေလျော့ကျမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကလပ်အသင်း၏ ထုတ်ပြန်ကြေညာမှုတွင် ကြွှေးမြီပြဿနာ ပိုမိုဆိုးရွားလာသည်ကို မြင်တွေ့ခဲ့ရသည်။
ယင်းဘဏ္ဍာရေးစာရင်း၏ အဆိုအရ မန်ယူအသင်း၏ ကြွှေးမြီပမာဏသည် ယမန်နှစ်ကထက် (၁၃၃)ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ပြီး၊ စုစုပေါင်း ကြွှေးမြီ ပေါင် (၄၇၄.၁) သန်းအထိ ရှိနေသည်ဟုလည်း သိရှိရသည်။
ယခုရာသီတွင်လည်း ပွဲစဉ်အားလုံးကို ကွင်းပိတ်ကစားနေရသည့်အတွက် အသင်း၏ဝင်ငွေကို ထိခိုက်မှုရှိလာစေခဲ့ပြီး လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အသင်း အချို့ ကွင်းထဲပြန်ဝင်လာချိန်တွင်လည်း မန်ယူအသင်း သည် ခွင့်ပြုချက်မရရှိခဲ့ချေ။ ဗြိတိန်အစိုးရ၏ အဆင့်သတ် မှတ်ချက်များအရ မန်ချက်စတာ ဒေသသည် အဆင့် (၃)သတ်မှတ်ချက်အောက်တွင် ရှိနေခြင်းကြောင့် ဝင်ငွေများ ဆက်လက်ဆုံးရှုံးနေဦးမည်ဖြစ်သည်။
ယခုအချိန်တွင် ချန်ပီယံလိဂ်ပြိုင်ပွဲမှလည်း ထပ်မံထွက်ခွာခဲ့ရရာ ချန်ပီယံလိဂ်ပြိုင်ပွဲက ရရှိမည့် ဆုကြေးငွေ၊ ရုပ်သံဝင်ငွေများကို ဆုံးရှုံးမည်ဖြစ်သလို၊ အချို့သော စပွန်ဆာစာချုပ်ချုပ်ဆိုမှုများတွင် ကွာတားဖိုင်နယ်အဆင့်အထိ ရောက်ရှိပါက ပိုမိုတိုးမြင့်ရရှိမည့် ဝင်ငွေများကိုလည်း ဆုံးရှုံးမည်ဖြစ်ကြောင်းသိရှိရသည်။
ထို့အတူ အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းအတွက် ရာခိုင်နှုန်းလျော့ကျမည့် စပွန်ဆာစာချုပ် အချို့ရှိနေသည်ဟုလည်း သတင်းများက ဖော်ပြခဲ့ရာ မန်ယူအသင်း၏ အုပ်စုအဆင့်မှ ထွက်ခွာမှုသည် ငွေကြေးပိုင်းဆိုင်ရာတွင် အဖက်ဖက်က ထိုးနှက်မှုလည်း ရှိခဲ့သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲသည် ချန်ပီယံဖြစ်လာခဲ့ပါက ရုပ်သံဝင်ငွေမပါသည့် ဆုကြေးငွေပင် ပေါင်သန်း (၆၀) အထိရှိနေပြီး၊ မန်ယူအသင်းကမူ အုပ်စုအဆင့်မှာပင် အဆုံးသတ်ခဲ့သည့်အတွက် ယင်းမှ ပေါင် (၈.၆)သန်းသာ ရရှိခဲ့သည်။ ထို့အတူ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်သည်အထိ ကစားနိုင်လျှင်ပင် ဆုကြေးငွေမှာ ပေါင် (၁၂.၆)သန်းသာ ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ယင်းဝင်ငွေများထဲတွင် ရုပ်သံဝင်ငွေမပါဝင်သေးဘဲ ရုပ်သံဝင်ငွေမှာလည်း ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတို့အကြား အလွန်ကြီးမားသည့် ကွာခြားချက်များရှိနေသည်ဟု သိရှိရသည်။ ယင်းအတွက်ကြောင့် အသင်းနည်းပြ ဆိုးလ်ရှားသည် ရာထူးကို စွန့်လွှတ်ရဖွယ်ရှိနေသည်ဟုလည်း သတင်းများက ဖော်ပြနေကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
