ဘာစီလိုနာအသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂရီးဇ်မန်းက တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei နှင့် စပွန်ဆာစာချုပ်ကို ဖျက်သိမ်းလိုက်ပြီဟု ကြာသပတေးနေ့က အတည်ပြုပြောကြားခဲ့သည်။
ဂရီးဇ်မန်းသည် Huawei ကုမ္ပဏီ၏ Brand Ambassador တစ်ဦးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့ပြီး ပြင် သစ်နိုင်ငံအတွင်း Huawei ၏ ဈေကွက်မြှင့် တင်မှုအစီအစဉ်များစွာတွင် အဓိကဦးဆောင်ခဲ့ရသူဖြစ်သည်။
ယခုအခါ တရုတ်အစိုးရ၏ မူဆလင်များအပေါ် ခွဲခြားဆက်ဆံမှုတွင် Huawei ကုမ္ပဏီက ပါဝင်ကူညီပေးနေသည်ဟု သင်္ကာမကင်းဖွယ် အခြေအနေများ ရှိလာသည့်အတွက် စပွန်ဆာစာချုပ်ကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂရီးဇ်မန်းက "ဒီကိစ္စမှာ Huawei က ပါဝင်ကူညီနေတယ်လို့ သင်္ကာမကင်းဖြစ်စရာအခြေအနေတွေ ရှိနေပါတယ်။ ဒီလို သိသိချင်းမှာပဲ ဒီကုမ္ပဏီနဲ့ ကျွန်တော့်ရဲ့လက်တွဲမှုကို ချက်ချင်းရပ်တန့်ပစ်လိုက်တာပါ"ဟု ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် မူဆလင်များအပေါ် ခွဲခြားဆက်ဆံမှုနှင့်ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
