ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် နိုင်ငံတကာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့ချုပ် (FIFPro) တို့ ပူးပေါင်းရွေးချယ် မည့် ၂၀၂၀ ကမ္ဘာ့အကောင်းဆုံးအသင်း အတွက် ဆန်ခါတင် ၅၅ ဦးစာရင်းကို ကြာ သပတေးနေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ဆန်ခါတင်စာရင်းတွင် ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ချန်ပီယံလိဂ်၊ ဂျာမန်စူပါဖလား၊ ဥရောပစူပါဖလားချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းမှ ကစားသမား (၉)ဦးဖြင့် အများဆုံး ရွေးချယ်ခံထားရကြောင်း သိရသည်။
ဘိုင် ယန်မြူးနစ်အသင်းမှ ဂိုး-နူအာ၊ နောက်တန်း- အလာဘာ၊ ဘိုတန်၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ အလယ်တန်း-ဂိုဟက်ဇ်ကာ၊ ကင်မစ်ချ်၊ မူလာ၊ ရှေ့တန်း-နာဘရီ၊ လီဝန်ဒေါစကီးတို့ ရွေးချယ်ခံထားရပြီး သီယာဂိုနှင့် ကော်တင်ဟိုမှာ နွေရာသီတွင် အသင်းပြောင်းရွှေ့သွားသဖြင့် (၉)ဦးသာ ကျန်ရှိတော့ခြင်းဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံး (၁၁) ဦးစာရင်းတွင် ရွေးချယ်ခံရသူများကို ဒီဇင်ဘာ (၁၇) ရက်တွင် ကျင်းပမည့် FIFA The Best ဆုပေးပွဲအခမ်းအနား၌ ကြေညာမည်ဖြစ်သည်။
■ FIFA FIFPro ကမ္ဘာ့အကောင်းဆုံးအသင်းအတွက် ဆန်ခါတင် (၅၅) ဦးစာရင်း
ဂိုး - အယ်လစ်ဆန် (လီဗာပူးလ်)၊ ကော်တိုအာ (ရီးယဲလ်)၊ ဒီဟေးယား (မန်ယူ)၊ ဒွန်နာရမ်မာ (အေစီမီလန်)၊ အီဒါဆန် (မန်စီးတီး)၊ လိုရစ် (စပါး)၊ နာဗတ်စ် (PSG)၊ နူအာ (ဘိုင်ယန်မြူးနစ်)၊ အိုဘလက်ခ် (အက် သလက်တီကို)၊ စတီဂန် (ဘာစီလိုနာ)
နောက်တန်း - အလာဘာ၊ ဘိုတန်၊ ဒေးဗီးစ် (ဘိုင်ယန်မြူးနစ်)၊ အယ်လ်ဘာ (ဘာစီလိုနာ)၊ အယ်လ်ဒါဝီရယ်လ် (စပါး)၊ အာနိုးလ်၊ ဗန်ဒိုက်၊ ရောဘတ်ဆန် (လီဗာပူးလ်)၊ အဲလ်ဗတ်စ် (ဆော်ပေါ်လို)၊ ကူလီဘလီ (နာပိုလီ)၊ ဒီလစ် (ဂျူဗင်တပ်စ်)၊ မာဆယ်လို၊ ရာမို့စ်၊ ဗာရန်း (ရီးယဲလ်)၊ သီယာဂိုဆေးလ်ဗား (ချယ်လ်ဆီး)
အလယ်တန်း - သီယာဂို၊ ဟန်ဒါဆန် (လီဗာပူးလ်)၊ အယ်လီ (စပါး)၊ ဘူးစကွက်စ်၊ ကော်တင်ဟို၊ ဒီယွန်း (ဘာစီလိုနာ)၊ ကက်စ်မဲရိုး၊ တိုနီကရို့စ်၊ မိုဒရစ် (ရီးယဲလ်)၊ ဒီဘရိုင်းနား (မန်စီးတီး)၊ ဘရူနိုဖာနန်ဒက်စ် (မန်ယူ)၊ ဂိုဟက်ဇ်ကာ၊ ကင်မစ်ချ်၊ မူလာ (ဘိုင်ယန်မြူးနစ်)၊ ကွန်တေ (ချယ်လ်ဆီး)
ရှေ့တန်း - အဂွဲရိုး (မန်စီးတီး)၊ အူဘာမီယန်း (အာဆင်နယ်)၊ ဘန်ဇီမာ (ရီးယဲလ်)၊ နာဘရီ၊ လီဝန်ဒေါစကီး (ဘိုင်ယန်မြူးနစ်)၊ ဟော်လန်း (ဒေါ့မွန်)၊ အီဘရာဟီမိုဗစ် (အေစီမီလန်)၊ ဟာရီကိန်း၊ ဆွန်ဟောင်မင် (စပါး)၊ မာနေ၊ ဆာလာ (လီဗာပူးလ်)၊ ဘာပေ၊ နေမာ (PSG)၊ မက်ဆီ (ဘာစီလိုနာ)၊ စီရော်နယ်လ်ဒို (ဂျူဗင်တပ်စ်)
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
