ထိုင်းနိုင်ငံ ပတ္တရားနှင့် စမွတ်စခွန်ခရိုင် အတွင်း တရားမဝင် မြန်မာအလုပ်သမားများ ပုန်းအောင်းနေထိုင်သည့်နေရာများအား ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းမှု ကြောင့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ဒီဇင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက ထိုင်းအာဏာပိုင်များက လျှို့ဝှက် စစ်ဆင်ရေးတစ်ရပ်အဖြစ် ပတ္တရားခရိုင်အတွင်းရှိ အခန်းပေါင်း ၁၀၀ ကျော်ရှိသော အထပ်မြင့်အဆောက်အုံတစ်ခုအား ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ တရားမဝင်နေထိုင် နေကြသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်များအား ကိုးကား၍ ထိုင်းသတင်းဌာနများက ဖော်ပြထားကြသည်။
တရားမဝင် နိုင်ငံခြားသားအလုပ်သမား များနေထိုင်ရာနေရာများအား ဖြိုခွင်းဖမ်းဆီး မှုများလုပ်ဆောင်ခဲ့ကြောင်း၊ နံနက်အစော ပိုင်းအချိန်တွင် လုပ်ဆောင်ခဲ့သည့်အတွက် ကြောင့် အလုပ်သမားအများအပြားမှာ အိပ်ပျော်နေကြဆဲဖြစ်သည်ကို တွေ့ရကြောင်း ရဲမှူးကြီး နပက်ဖွန်က ဆိုသည်။
၎င်းက ဆက်လက်ပြီး “နိုင်ငံခြားသား အလုပ်သမားတွေအားလုံးကို အဆောက်အအုံရဲ့ ကားပါကင်မှာ စုပြီးတော့ နိုင်ငံကူးလက် မှတ်၊ ဗီဇာနဲ့ အလုပ်လုပ်ခွင့် စာရွက်စာတမ်း တွေကို စစ်ဆေးခဲ့ပါတယ်။ နိုင်ငံခြားသား အလုပ်သမားအများစုက အထောက်အထား မပြနိုင်သူတွေဖြစ်ကြပါတယ်။ အဲ့ဒီအထဲမှာ ထိုင်းဖမ်းဝရမ်းနဲ့ အင်တာပိုက အလိုရှိနေတဲ့ လူတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်” ဟု ရဲမှူးကြီး နပက်ဖွန်က ပြောကြားခဲ့သည်။
အလားတူ စမွတ်စခွန်ခရိုင်အတွင်းရှိ နာမည်ကြီး ပါဆယ်ထုပ်ပိုးသည့်လုပ်ငန်း နှင့် ကုန်သိုလှောင်ရုံတစ်ခုကိုလည်း ထိုင်းရဲတပ် ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာနအပါအဝင် ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းစစ်ဆေး မှုများလုပ်ဆောင်ခဲ့ရာ သက်သေအထောက် အထား၊ စာရွက်စာတမ်းများ မပြနိုင်သည့် မြန်မာနိုင်ငံသားအလုပ်သမား ၁၂၈ ဦး ဖမ်း ဆီးရမိခဲ့ကြောင်းလည်း ထိုင်းရဲအရာရှိတစ်ဦး ၏ ပြောကြားချက်အား ကိုးကား၍ ထိုင်းသ တင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
ဖမ်းဆီးရမိသည့် တရားမဝင်၊ အထောက် အထားမဲ့ မြန်မာနိုင်ငံသား အလုပ်သမားများ အား ၂၀၁၇ ခုနှစ် နိုင်ငံခြားသားအလုပ်လုပ် ကိုင်ခွင့်စီမံကွပ်ကဲမှုဥပဒေပုဒ်မ - ၈ နှင့် ပြင် ဆင်ချက်အမှတ် (၂) တို့ဖြင့် ဖမ်းဆီးအရေး ယူထားပြီး နေရပ်နိုင်ငံသို့ ပြန်လည်ပို့ဆောင် မည်ဖြစ်ကြောင်းလည်း ထိုင်းသတင်းများက ဖော်ပြထားကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
