Top News

တိုင်းဒေသကြီး/ပြည်နယ် ကိုးခု၊ မြို့နယ် ၁၈ မြို့နယ်မှ KTV/Bar ၁၀ ဆိုင်၊ အနှိပ်ခန်း ရှစ်ခန်း၊ ပြည့်တန်ဆာအိမ် နှစ်အိမ်နှင့် အမျိုးသား၊ အမျိုးသမီး ၂၀၅ ဦးအား ဖမ်းဆီးအရေးယူ
24htopnews | December 16, 2024 6:12 PM CST

တိုင်းဒေသကြီး/ပြည်နယ် ကိုးခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV/Bar ၁၀ ဆိုင်၊ အနှိပ် ခန်း ရှစ်ခန်း၊ ပြည့်တန်ဆာအိမ် နှစ်အိမ်နှင့် အမျိုးသား၊ အမျိုးသမီး  ၂၀၅ ဦးတို့အား ဖမ်း ဆီးခဲ့ပြီး အရေးယူဆောင်ရွက်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

COVID-19 ရောဂါကူးစက်မှုအား ထိရောက်စွာထိန်းချုပ်ရန်အတွက် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီမှ KTV/Bar ၊ အနှိပ်ခန်းများ ဖွင့်လှစ်လုပ်ကိုင် ခြင်းမပြုရန် ထုတ်ပြန်ထားသော်လည်း တိုင်း ဒေသကြီး/ပြည်နယ်များအတွင်း၌ လိုက်နာ ခြင်းမရှိဘဲ တရားမဝင် ဖွင့်လှစ်လုပ်ကိုင်နေ သည့် နေအိမ်/ဆိုင်များအား စက်တင်ဘာလ ၂ ရက် ၃ ရက်ညများတွင် မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များက ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင် ဝင်ရောက်ရှာဖွေ စစ်ဆေးဖော်ထုတ် ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ် နှင့် ပုဗ္ဗသီရိမြို့နယ်တို့မှ KTV ဆိုင်တစ်ဆိုင်၊ ပြည့်တန်ဆာအိမ် နှစ်အိမ်တို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ လုပ်ကိုင်သူအမျိုးသမီးများနှင့် ဧည့် သည် စုစုပေါင်း ၁၃ ဦး၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ  KTV ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်၊ ဆိုင်ဝန်ထမ်း စုစုပေါင်း လေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ရှိ KTV ဆိုင် တစ်ဆိုင်မှ မန်နေဂျာ၊ ဆိုင်ဝန်ထမ်း၊ လာ ရောက်သီဆိုသူနှင့် အကူသီဆိုသူ စုစုပေါင်း ၁၆ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် တောင် ငူမြို့တို့ရှိ တရားမဝင်အနှိပ်ခန်း နှစ်ခန်းမှ ပိုင်ရှင်၊ အနှိပ်သမများနှင့် လာရောက်အနှိပ်ခံ သူ စုစုပေါင်း ၂၀ ဦး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နှင့် ဆောမြို့တို့ရှိ တရားမဝင် အနှိပ်ခန်း နှစ်ခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ် သမများနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၃၁ ဦး၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာ စံမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြင်ဦးလွင် မြို့နယ်တို့ရှိ တရားမဝင် အနှိပ်ခန်း သုံးခန်းမှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများနှင့် လာ ရောက်အနှိပ်ခံသူ စုစုပေါင်း ၃၂ ဦး တို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရှိ KTV ဆိုင်တစ်ဆိုင်မှ ပိုင်ရှင်တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟန်းမြို့နယ်၊ ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်နှင့် တာမွေမြို့နယ် တို့မှ KTV/Bar ဆိုင်နှစ်ဆိုင်၊ တရားမဝင် အနှိပ်ခန်းတစ်ခန်းတို့မှ ပိုင်ရှင်၊ မန်နေဂျာ၊ အနှိပ်သမများ၊ ဧည့်သည်နှင့် အကူသီဆိုသူ စုစုပေါင်း ၅၂ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ လားရှိုးမြို့နှင့် တာချီလိတ်မြို့တို့ရှိ KTV/Bar ဆိုင်လေးဆိုင်မှ ပိုင်ရှင်၊ မန်နေဂျာ၊ အကူသီ ဆိုသူနှင့် လာရောက်သီဆိုသူ စုစုပေါင်း ၃၆ ဦး တို့ကို ဖမ်းဆီးခဲ့ပြီး ထိုသို့ ဖမ်းဆီးရမိခဲ့သည့် စုစုပေါင်း တိုင်းဒေသကြီး/ပြည်နယ်ကိုးခု၊ မြို့နယ် ၁၈ မြို့နယ်တို့မှ KTV/Bar ၁၀ ဆိုင်၊ အနှိပ်ခန်းရှစ်ခန်း၊ ပြည့်တန်ဆာအိမ် နှစ်အိမ် နှင့် အမျိုးသား၊ အမျိုးသမီး ၂၀၅ ဦးတို့အား သက်ဆိုင်ရာမြို့နယ်များ၌ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း  သိရသည်။                                       


READ NEXT
Cancel OK