လီဗာပူးလ်အသင်းအတွက် ဆာလာ ပြိုင်ပွဲစုံဂိုးဖန်တီးမှု အကြိမ် (၁၀၀)ပြည့်မြောက်
24htopnews | December 16, 2024 6:12 PM CST
လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဆာလာသည် ဖူလ်ဟမ်နှင့်ပွဲတွင် ဂိုးဖန်တီးမှု(၁)ကြိမ် ပြုလုပ်နိုင်ခဲ့သည့်အတွက် လီဗာပူးလ်ကစားသမားဘဝတွင် ပြိုင်ပွဲစုံဂိုးဖန်တီးမှု အကြိမ်(၁၀၀)ပြည့်မြောက်ခဲ့ကြောင်း သိရသည်။
ဆာလာ သည် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ(၃၇၂)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ဂိုးဖန်တီးမှု (၁၀၀)ပြည့်ခဲ့ခြင်းဖြစ်ပြီး သွင်းဂိုးမှာ (၂၂၇)ဂိုးရှိခဲ့သည်။
ဆာလာသည် ယခုရာသီ၌ ဂိုးဖန်တီးမှု(၁၃)ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ၎င်း၏အများဆုံးစံချိန်ဖြစ်သည့် ၂၀၂၂-၂၃ ရာသီမှ (၁၆) ကြိမ်ကိုလည်း ကျော်ဖြတ်နိုင်ရန် နီးစပ်လာခဲ့သည်။
၎င်းအနေဖြင့် လီဗာပူးလ်အသင်း၌ ဂိုးဖန်တီးမှုအများဆုံး ပြုလုပ်ပေးခဲ့သည့် အသင်းဖော်မှာ မာနေ(၁၇ ကြိမ်)ဖြစ်ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
