Top News

ဗင်နီဇီယာနှင့် သရေကျပြီးနောက် (၂၆)နှစ်အတွင်း စီးရီးအေပွဲစဉ် (၁၆) အပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် နိုင်ပွဲအနည်းဆုံးရာသီနှင့် ဂျူဗင်တပ်စ်အသင်း ကြုံတွေ့
24htopnews | December 16, 2024 6:12 PM CST

စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းသည် ဗင်နီဇီယာအသင်းနှင့် သရေကျပြီးနောက် (၂၆) နှစ်အတွင်း စီးရီးအေပွဲစဉ် (၁၆) အပြီးတွင် ပြိုင်ပွဲသမိုင်းတစ်လျှောက် နိုင်ပွဲအနည်းဆုံးရာသီနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ဒီဇင်ဘာ (၁၄) ရက်က ကစားခဲ့သည့် စီးရီးအေပွဲစဉ်တွင် တန်းတက် ဗင်နီဇီယာအသင်းကို အိမ်ကွင်းတွင် လက်ခံကစားခဲ့ရသည်။

ဂျူဗင်တပ်စ်အသင်းသည် ပွဲချိန်(၁၉) မိနစ်တွင် သွင်းယူခဲ့သည့် နောက်ခံလူ ဂတ်တီ၏ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း (၆၁) မိနစ်နှင့် (၈၃) မိနစ်တို့တွင် ဗင်နီဇီယာအသင်းကို (၂) ဂိုးဆက်တိုက်ပေးခဲ့ရပြီး (၉၀+၅) မိနစ်တွင် ဗလာဟိုဗစ်၏ပယ်နယ်တီချေပဂိုးကြောင့်သာ ပွဲအပြီးတွင် (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် အဆိုပါပွဲတွင် သရေကျခဲ့ခြင်းကြောင့် ယခုရာသီ စီးရီးအေပွဲစဉ် (၁၆)အပြီးတွင် ရှုံးပွဲမရှိသည့် တစ်သင်းတည်းသော အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

သို့သော် ဂျုူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၁၆) အပြီးတွင် (၆) ပွဲသာ အနိုင်ထားပြီး (၁၀) ပွဲအထိ သရေကျထားသည်။

ထို့ကြောင့် ဂျူဗင်တပ်စ်အသင်းသည် (၂၆) နှစ်အတွင်း စီးရီးအေပွဲစဉ် (၁၆) အပြီးတွင် နိုင်ပွဲအနည်းဆုံးရာသီနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ၁၉၉၈-၉၉ ရာသီက စီးရီးအေပွဲစဉ် (၁၆) အပြီးတွင် (၆) ပွဲသာ အနိုင်ရရှိခဲ့ရာ ယင်းမှာ နိုင်ပွဲတစ်ပွဲကို (၃) မှတ်ပေးသည့် ခေတ်တွင် နိုင်ပွဲအနည်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ယခု ယင်းစံချိန်နှင့် တူညီခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဂျူဗင်တပ်စ်အသင်းသည် ဗင်နီဇီယာနှင့်အိမ်ကွင်းတွင် သရေကျပြီးနောက် ယခုရာသီ စီးရီးအေအိမ်ကွင်း (၉) ပွဲတွင် (၃) ပွဲသာ အနိုင်ရထားသည်။

ဂျူဗင်တပ်စ်အသင်းအနေဖြင့် စီးရီးအေသမိုင်းတွင် အိမ်ကွင်း (၉) ပွဲကစားပြီးနောက် ယခုရာသီထက် ဆိုးရွားသည်မှာ ၁၉၅၆-၅ရနှင့် ၁၉၉၈-၉၉ ရာသီတို့ သာရရှိခဲ့ပြီး (၂) ပွဲသာအနိုင်ရခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၁၆)အပြီးတွင် ရမှတ်(၂၈) မှတ်ဖြင့် အဆင့် (၆)နေရာ ရပ်တည်နေပြီး ဇယားထိပ်ဆုံးမှ အတ္တလန်တာအသင်း(၃၇ မှတ်)နှင့် (၉)မှတ်အထိ ကွာဟသွားပြီဖြစ်သည်။ 


READ NEXT
Cancel OK