Top News

ဇန်နဝါရီတွင် အသင်းတိုက်စစ်မှူး ဟာရီကိန်းအတွက် အရန်တိုက်စစ်မှူး ခေါ်ယူမည်မဟုတ်ကြောင်း ဘိုင်ယန်အားကစားဒါရိုက်တာ ပြောကြား
24htopnews | December 16, 2024 6:12 PM CST

ဘိုင်ယန်မြူးနစ်အသင်း၏ အားကစားဒါရိုက်တာဖြစ်သူ အီဘယ်လ်က မိမိတို့အနေဖြင့် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် အသင်းတိုက်စစ်မှူး ဟာရီကိန်းအတွက် အရန်တိုက်စစ်မှူး ခေါ်ယူသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၃၁) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီကိန်းသည် နိုဝင်ဘာလက ကစားခဲ့သည့် ဒေါ့မွန်နှင့်ပွဲတွင် ဒဏ်ရာရရှိပြီးကတည်းက အနားယူနေရသည်။

ဟာရီကိန်းသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ (၁၉) ပွဲတွင် ဂိုး (၂၀) သွင်းယူထားသည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ၎င်း မကစားနိုင်သည့် ပြိုင်ပွဲစုံ နောက်ဆုံး (၄) ပွဲတွင် ရုန်းကန်ခဲ့ရပြီး (၂) ပွဲအထိ ရှုံးနိမ့်ခဲ့ကာ တိုက်စစ်ပိုင်းက ဂိုးရရန် ရုန်းကန်ခဲ့ရကြောင်း သိရှိရသည်။

သို့သော် ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာ အီဘယ်လ်က လာမည့်ဇန်နဝါရီတွင် ဟာရီကိန်းအတွက် အရန်တိုက်စစ်မှူး ခေါ်ယူသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အီဘယ်လ်က ''ကျွန်တော်တို့ အနေနဲ့ လာမယ့်ဇန်နဝါရီမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူသွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ထားတာကြောင့်ပါ။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ မလိုအပ်ဘဲ ပိုက်ဆံဖြုန်းမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ စီးပွားရေးအတွက် အမြဲတွေးလေ့ရှိပြီး ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့     ဘဏ္ဍာရေးက အရမ်းကောင်းမွန်နေတာပါ''ဟု ဆိုခဲ့သည်။

ဟာရီကိန်းသည် ဒဏ်ရာမှပြန်သက်သာလာပြီး လာမည့်အပတ်တွင် ပြန်ကစားနိုင်ဖွယ်ရှိကြောင်း သိရသည်။ 


READ NEXT
Cancel OK