မြန်မာ့လက်ရွေးစင်အသင်း၏ အမာခံကစားသမားဖြစ်သူ နောက်ခံလူစိုးမိုးကျော်သည် လာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်ပွဲတွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Eleven Sports သည် ကာယံကံရှင်ဖြစ်သူ ကစားသမား စိုးမိုးကျော်အား ဆက်သွယ်၍ လာအိုလက်ရွေးစင်အသင်းနှင့်ပွဲတွင် ပါဝင်ကစားနိုင်ခြင်း ရှိမရှိကို မေးမြန်းခဲ့ရာ ကစားမည်ဖြစ်ကြောင်း စိုးမိုးကျော်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
စိုးမိုးကျော်၏ ပြန်လည်ဖြေကြားမှုတွင် လာအိုလက်ရွေးစင်အသင်းနှင့် ပွဲတွင် မိမိပြန်လည်ပါဝင်ကစားမည်ဖြစ်ကြောင်းနှင့် ၎င်း၏ဒဏ်ရာအခြေအနေနှင့် ကြံ့ခိုင်မှုအခြေအနေမှာ ပြည့်စုံကောင်းမွန်နေပြီဖြစ်ကြောင်း ပါဝင်ခဲ့သည်။
နောက်ခံလူ စိုးမိုးကျော်သည် ပြိုင်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် လေ့ကျင့်ရေးကွင်း၌ ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတို့နှင့်ပွဲများကို လွဲချော်ခဲ့ပြီး လာအိုနှင့်ပွဲမှသာ ပြန်လည်ပါဝင်ကစားနိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း ကစားခဲ့သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတို့နှင့်ပွဲတွင် စိုးမိုးကျော် မကစားနိုင်သောကြောင့် ခံစစ်အတွင်းလူနေရာများတွင် သက်ဟိန်းစိုးနှင့် သီဟထက်အောင်တို့ကို အမာခံအဖြစ် အသုံးပြုခဲ့ရသည်။
မြန်မာ့လက်ရွေးစင်အသင်း နည်းပြဖြစ်သူ ဦးမျိုးလှိုင်ဝင်း လက်ရှိရွေးချယ်ထားသည့် ကစားသမားစာရင်းတွင် ခံစစ်အတွင်းလူများအဖြစ် စိုးမိုးကျော်၊ သက်ဟိန်းစိုး၊ သီဟထက်အောင်၊ လတ်ဝေဘုန်း၊ သူရိန်စိုးတို့ ငါးဦးရှိနေသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲ အုပ်စုတတိယပွဲကို အိမ်ကွင်းအဖြစ် ဒီဇင်ဘာ ၁၈ ရက်၊ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စုပထမပွဲ အိမ်ကွင်းတွင် အင်ဒိုနီးရှားအသင်းကို(၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုဒုတိယပွဲ အဝေးကွင်းတွင် ဖိလစ်ပိုင်အသင်းနှင့်(၁-၁) ဂိုးဖြင့် သရေကျခဲ့သည်။
လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့်ပွဲတွင် ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်ယူနိုက်တက်အသင်းက မစေလွှတ်သဖြင့် မြန်မာ့လက်ရွေးစင်အသင်း၏ အုပ်စုရှေ့ပွဲနှစ်ပွဲကို လွဲချော်နေသည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်းမှာလည်း ပြန်လည်ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
