Top News

ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်း မလေးရှားဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပထမအကျော့တွင် ရှုံးနိမ့်
24htopnews | December 16, 2024 6:12 PM CST

 မြန်မာ့လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်းသည် ၂၀၂၄-၂၀၂၅ ရာသီ မလေးရှားဖလား ရှုံးထွက်ပြိုင်ပွဲ (Malaysia Cup) ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲတွင် ရှုံးပွဲကြုံတွေ့ခဲ့ကြောင်း သိရသည်။

ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်းသည် မလေးရှားဖလား ရှုံးထွက်ပြိုင်ပွဲ ကွာတားအဆင့် ပထမအကျော့အဖြစ် အိမ်ကွင်း၌ တီရန်ဂါနူးအသင်းနှင့် ပြီးခဲ့သည့်ဒီဇင်ဘာ ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတွင် ဟိန်းထက်အောင်သည် နီဂျီရီဆမ်ဘီလန်အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ပွဲချိန်ပြည့် ပါဝင်ကစားခွင့်ရခဲ့သော်လည်း သူ၏အသင်းမှာ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်းသည် ဒုတိယအကျော့ အဝေးကွင်းပွဲအဖြစ် လာမည့်ဒီဇင်ဘာ ၂၁ ရက်တွင် တီရန်ဂါနူးအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဟိန်းထက်အောင်၏ နီဂျီရီဆမ်ဘီလန်အသင်းသည် ယခုရာသီ မလေးရှားစူပါလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၅)အပြီးတွင် အမှတ်ပေးဇယား အောက်ဆုံးနေရာ၌ ရပ်တည်နေပြီး တန်းဆင်းအန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့နေရလျက်ရှိသည်။

နီဂျီရီဆမ်ဘီလန်အသင်းသည်ဟိန်းထက်အောင်ကို မြန်မာ့လက်ရွေးစင်အသင်းထံ စေလွှတ်ခြင်းမရှိချေ။

 


READ NEXT
Cancel OK