ကရင်ပြည်နယ် မြဝတီမြို့ ချစ်ကြည်ရေးလမ်းရှိ ခြံဝင်းတစ်ခုအတွင်း သိုလှောင်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် ကိုးစီးကို မြဝတီမြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်မတော် ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၁၂ ရက် နံနက်က သိမ်းဆည်းခဲ့ကြောင်း သိရသည်။
မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံး မြို့နယ်မှူး ရဲမှူး မြင့်ဌေး၊ မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ကျော်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ရှေ့တန်း အမှတ် ၃၁၀ ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၂ ရက် နံနက်၁၀ နာရီက မြဝတီမြို့ အမှတ် (၄) ရပ်ကွက် ချစ်ကြည်ရေးလမ်းရှိ ခြံပိုင်ရှင် ဒေါ်မွှေး ငှားရမ်းထားပြီး ဦးအောင်ကျော်ဦး လက်ရှိနေထိုင်သည့် မင်းပြည့်စုံကုမ္ပဏီခြံဝင်းတွင် အကောက်ခွန်မဲ့ မော်တော်ယာဉ်များ ရပ်တန့်ထားကြောင်းသတင်းအရ သွားရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
သက်ဆိုင်ရာက စစ်ဆေးရာ အကောက်ခွန်မဲ့ မော်တော်ယာဉ်များဖြစ်သော Crown အမျိုးအစား အဖြူရောင်ယာဉ်နှစ်စီး၊ Odyssey အဖြူရောင်ယာဉ်တစ်စီး၊ Hujet အဖြူရောင် ယာဉ်တစ်စီး၊ Nissan Altrage အဖြူရောင် တစ်စီး၊ Surf ခဲရောင်တစ်စီး၊ Insode အနီရောင်တစ်စီး၊ Passo ခဲရောင်တစ်စီး၊ Nissan Tidda အနက်ရောင်တစ်စီး စသည့် မော်တော်ယာဉ် ကိုးစီးကို တွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။
သိုလှောင်ရောင်းချမည့် အကောက်ခွန်မဲ့ မော်တော်ယာဉ်များ သိမ်းဆည်းရမိခြင်းနှင့် ပတ်သက်၍ တာဝန်ရှိသူများကို အမှုဖွင့်လှစ် အရေးယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဌေး ဦးစီးသော ပူးပေါင်းအဖွဲ့သည် အကောက်ခွန်မဲ့ မော်တော်ယာဉ်များကို သိုလှောင်ထားနိုင်သည့် အမှတ်(၅) ရပ်ကွက် မြတ်လင်းအေးမြိုင်လမ်း အပါအဝင် နေရာအချို့၌ ဆက်လက်ရှာဖွေမှုများ ပြုလုပ်လျက် ရှိသည်။
ထို့အတူ ပြီးခဲ့သည့်၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်များကလည်း ထိုင်းနိုင်ငံဘက်မှ နယ်ခြားသောင်ရင်းမြစ် ဖြတ်ကျော် ဝင်ရောက်လာပြီး မြဝတီမြို့ရှိ ခြံဝင်းများအတွင်း သိုလှောင်ထားသော ဂျပန်ကျ တစ်ပတ်ရစ် မော်တော်ယာဉ်အမျိုးအစားစုံ ၁၄၇ စီးကို ရဲတပ်ဖွဲ့နှင့် နယ်မြေ တပ်မတော် ပူးပေါင်းအဖွဲ့က ဖမ်းဆီးသိမ်းဆည်းခဲ့ပြီး ယခုတစ်ဖန် သက်ဆိုက်ရာက ဆက်လက် ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်လာသည့်အတွက် နယ်မြေမတည်ငြိမ်မှုများ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်ဟု မြို့ခံများက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
