Top News

မုံရွာမြို့နယ် ရွှေဇလုပ်ရပ်ကွက်ရှိ ဘောလုံးကွင်း မြေယာပြဿနာ အငြင်းပွားမှုနှင့် ပတ်သက်၍ မြေပိုင်ရှင်ဆိုသူ၏ အပေါင်းပါများနှင့် ရွာသားများအကြား ပဋိပက္ခဖြစ်ပွားပြီး ငါးဦး ဒဏ်ရာရရှိ
24htopnews | December 16, 2024 5:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် ရွှေဇလုပ်ရပ်ကွက်ရှိ ဘောလုံးကွင်း မြေယာပြဿနာ အငြင်းပွားမှုနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက မြေပိုင်ရှင်ဆိုသူ၏ အပေါင်းအပါနှင့် ရွာသားများအကြား ပဋိပက္ခဖြစ်ပွားခဲ့သောကြောင့် လူ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများကိုလည်း နာရေးကူညီမှုအသင်းအချို့က ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ပဋိပက္ခဖြစ်ပွားခဲ့မှုကို ဝင်ရောက် ထိန်းသိမ်းခဲ့ရကြောင်း ဆက်လက် သိရသည်။

“နိုင်ငံတော်ကို တင်ထားတာ ရှိတယ်။ အဲဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာက အရေးမလုပ်တော့ အခုလို ပြဿနာတက်တာ။ ကွက်စိတ်ရိုက် ရောင်းတာဆိုတော့ ကျွန်တော်တို့လည်း မသိဘူး။ ရွာက လူငယ်တွေက ဒီဘောလုံးကွင်းကို လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ခြံစည်းရိုး ခတ်ထားကြတာ။ ဇလုပ်ရွာအတွက် အားကစားကွင်း မရသေးလို့ အခုလို ပြဿနာတက်တာ”ဟု မုံရွာမြို့နယ် ရွှေဇလုပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ဆိုသည်။

ရွှေဇလုပ်ရပ်ကွက်ရှိ ဘောလုံးကွင်း မြေယာပြဿနာ အငြင်းပွားမှုနှင့် ပတ်သက်၍ မြေပိုင်ရှင်ဆိုသူ၏ အပေါင်းအပါနှင့် ရွာသားများအကြား ပဋိပက္ခဖြစ်စဉ်တွင် တစ်ဖက်နှင့် တစ်ဖက်က တုတ်၊ ဓား စသည့်များ အသီးသီး ကိုင်ဆောင်ထားကြကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာကို ရဲတပ်ဖွဲ့ဝင်များ၊ မုံရွာခရိုင် အုပ်ချုပ်ရေးမှူး၊ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး၊ ရပ်ကျေးအုပ်ချုပ်မှူး စသည့် အာဏာပိုင်းများက လာရောက်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK