မန်စီးတီးအသင်း တိုက်စစ်မှူးဟောင်း ခါဗယ်လာရှဗီလီသည် ဂျော်ဂျီယာနိုင်ငံ၏ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်သည့် သမ္မတရွေးကောက်ပွဲတွင် ခါဗယ်လာရှဗီလီက သမ္မတလောင်းအဖြစ် တစ်ဦးတည်းအမည် စာရင်းတင်သွင်းခံထားရပြီး အခက်အခဲမရှိဘဲ အလွယ်တကူအနိုင်ရခဲ့ခြင်းဖြစ်သည်။
သမ္မတရွေးချယ်မှုကို လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ ဥပဒေပြုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဝင် ၃၀၀ ပါဝင်သော ရွေးကောက်ပွဲအဖွဲ့က ရွေးချယ်ရခြင်းဖြစ်ပြီး ခါဗယ်လာရှဗီလီကို သမ္မတလောင်းအဖြစ် စာရင်းတင်သွင်းခဲ့သည့် Georgian Dream ပါတီက နေရာအများစုကို ထိန်းချုပ်ထားသည်။
ခါဗယ်လာရှဗီလီသည် ဂျော်ဂျီယာနိုင်ငံ၏ ခြောက်ဦးမြောက်သမ္မတဖြစ်လာပြီး ဒီဇင်ဘာ ၂၉ ရက်မှစ၍ တာဝန်ထမ်းဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ အသက် ၅၃ နှစ်ရှိပြီဖြစ်သူ ခါဗယ်လာ ရှဗီလီသည် မန်စီးတီးအသင်း၌ ၁၉၉၆ ခုနှစ် မတ်လမှ ၁၉၉၇ ခုနှစ် နွေရာသီအထိ ကစား ခဲ့ဖူးပြီး ၂၈ ပွဲကစား၊ သုံးဂိုးသွင်းယူပေးခဲ့သည်။
၎င်းသည် မန်စီးတီးအသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရသည့် မန်ချက်စတာဒါဘီ ပွဲစဉ်တွင် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ၎င်းသည် ၂၀၁၆ ခုနှစ်တွင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး Georgian Dream ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။
ထို့နောက် ၂၀၂၂ ခုနှစ်တွင် Georgian Dream ပါတီနှင့်လမ်းခွဲ၍ People's Power ပါတီကို ပူးတွဲတည်ထောင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
