AA အပါအဝင် MNDAA၊ TNLA အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရန် နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိကာလတွင် ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု မရှိသည်ကို အခွင့်ကောင်းယူ၍ မိမိနိုင်ငံ၏ ပထဝီနိုင်ငံရေးအရ အင်အားကြီးနိုင်ငံတချို့မှ ဩဇာလွှမ်းမိုး ချုပ်ကိုင်လိုသည့်အတွက် ပြည်တွင်းမတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေခြင်းကို မြင်တွေ့ရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့သည့် MNDAA ၊ TNLA ၊ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွား အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ လက်နက်ကိုင် သောင်းကျန်းသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရကြောင်း၊ အကြမ်းဖက် သောင်းကျန်းသူများ၏ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် MNDAA ၊ TNLA ၊ AA တို့အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြား ရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာသည်ကို တွေ့ရှိရကြောင်း၊ လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မ ရောက်ရှိစေခဲ့ကြောင်း ၎င်းက ဆိုသည်။
ထို့ကြောင့် လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေး စားပွဲဝိုင်းသို့ ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည် ဖြစ်သည်ကို သိရှိကြပြီး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး တိုက်တွန်းလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်ကလည်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ၎င်းတို့၏တပ်များရောက်ရာနေရာမှ အပစ်အခတ်ရပ်စဲကြောင်း MNDAA အဖွဲ့က ထပ်မံထုတ်ပြန်ခဲ့သည်။
MNDAA အဖွဲ့၏ ထုတ်ပြန်ချက်တွင် စစ်ဘေးဒုက္ခဒဏ်ကိုပြင်းထန်စွာခံစားနေရသည့် ပြည်သူလူထု၏ အကျိုးကို ငဲ့ညှာထောက်ထားရန်၊ တရုတ်-မြန်မာနယ်စပ်၏တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန်၊ ပြည်တွင်းစစ်ရေး ပဋိပက္ခများကိုနိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်နှင့် ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ဖော်ဆောင်ရန်အတွက် MNTJP/MNDAA သည် နိုင်ငံတော်မှခွဲထွက်ပြီး နိုင်ငံတော်အသစ် ထူထောင်ခြင်းကို ပြုလုပ်မှာမဟုတ်ဘဲ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာ ဖြစ်ကြောင်းနှင့် နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေတည်တံ့ ခိုင်မြဲရေးကို တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဒီဇင်ဘာ ၃ ရက်မှစ၍ ရောက်ရာနေရာမှ မိမိတို့တပ်များသည်ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်ကြောင်း၊ တရုတ်နိုနိုင်ငံ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့်ဖြေရှင်းနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် မိမိတို့အနေဖြင့်လည်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်း MNDAA ကထုတ်ပြန်သည်။
ထို့အတူ မြန်မာ့တပ်မတော်အနေဖြင့် ဝေဟင်နှင့် မြေပြင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရန် MNDAA က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
MNDAA အနေဖြင့် တွေ့ဆုံဆွေးနွေးရာတွင် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘောထား ကွဲလွဲမှုများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် နိုင်ငံရေးနည်းလမ်းကို အားပေးထောက်ခံသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
အလားတူ တအာင်းတပ်ဖွဲ့(TNLA)က နိုဝင်ဘာ ၂၅ ရက်တွင် သဘောထားထုတ်ပြန်ထားရာတွင် တအာင်းဒေသတွင် တိုက်ပွဲများကြောင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ဒေသခံ မိဘပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံအစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ သော်လည်းကောင်း၊ နှစ်ဖက်စစ်ရေးပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားသည်။
MNDAA၊ TNLA နှင့် AA အဖွဲ့တို့အား အကြမ်းဖက်အုပ်စုအဖြစ် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်တွင် မြန်မာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
