Top News

၂၀၂၄ Asean Cup ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် လာအိုလက်ရွေးစင်အသင်းကို မြန်မာအသင်း လက်ထောက်နည်းပြဟောင်းဖြစ်သူ တောင်ကိုရီးယားနိုင်ငံသား ဟာဟေးဂျွန် ကိုင်တွယ်နေ
24htopnews | December 15, 2024 9:12 PM CST

 

၂၀၂၄ Asean Cup ပြိုင်ပွဲ ယှဉ်ပြိုင်နေသည့် လာအိုလက်ရွေးစင်အသင်းကို မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြ ဆရာဟောင်းဖြစ်သူ တောင်ကိုရီးယားနိုင်ငံသား ဟာဟေးဂျွန် ကိုင်တွယ်နေကြောင်း သိရသည်။

ဟာဟေးဂျွန်သည် မြန်မာ့လက်ရွေးစင် အသင်းကို ၂၀၂၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နှစ်နှစ်ဝန်းကျင်ကိုင်တွယ်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား ပတ်ဆောင်ဟွာ၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ပတ်ဆောင်ဟွာသည် မြန်မာ့လက်ရွေး စင်အသင်းနှင့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၃ အသင်းတို့ကို ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး ဆီးဂိမ်းစ်ပြိုင်ပွဲအပြီးတွင် လမ်းခွဲခဲ့ခြင်း ဖြစ်သည်။ 

ဟာဟေးဂျွန်သည် လာအိုလက်ရွေးစင်အသင်းကို ၂၀၂၄ ခုနှစ် သြဂုတ်မှ စတင်ကိုင်တွယ်ခြင်းဖြစ်ပြီး ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် ၂၀၂၄ Asean Cup ပြိုင်ပွဲ ကိုင်တွယ်ခြင်းဖြစ်သည်။ လာအိုအသင်းသည် အုပ်စု (B) တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မြန်မာအသင်းတို့နှင့် ကျရောက်ခဲ့ပြီး အဖွင့်ပွဲတွင် ဗီယက်နမ်အသင်းကို အိမ်ကွင်း၌ (၄-၁) ဂိုးဖြင့် အရေးနိမ့်သော်လည်း ဒုတိယပွဲတွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းကို အဝေးကွင်း၌ သုံးဂိုးစီ သရေကစားနိုင်ခဲ့သည်။

လာအိုအသင်းသည် ဒီဇင်ဘာ ၁၅ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် အိမ်ကွင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာအသင်းနှင့် အဝေးကွင်း ကစားရမည်ဖြစ်သည်။ လာအိုအသင်းသည် အုပ်စုလေးပွဲကို ဆက်တိုက်ကစားရခြင်း ဖြစ်ပြီး နှစ်ပွဲကစား တစ်မှတ်သာရသေးသဖြင့် လက်ကျန်နှစ်ပွဲစလုံး အနိုင်ကစားနိုင်မှသာ နောက်တစ်ဆင့်တက်ရောက်ရန် မျှော်လင့်နိုင်မည်ဖြစ်သည်။ လာအိုအသင်းသည် ပြိုင်ပွဲအကြိုခြေစမ်းပွဲတွင် ထိုင်းကို သရေကျကာ မလေးရှားကို အရေးနိမ့်ထားသည်။


READ NEXT
Cancel OK