Top News

အလှည့်ကျစနစ် အသုံးမပြုခြင်းကို ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ ရှင်းလင်း
24htopnews | December 15, 2024 9:12 PM CST

 

ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ပွဲစဉ်များ များပြားနေချိန်တွင် အလှည့်ကျစနစ်ကို အသုံးမပြုခြင်းမှာ ဒဏ်ရာရကစားသမားများ များပြားနေခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ရီးယဲလ်အသင်းသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပြီး ပြိုင်ပွဲစုံ (၂၃) ပွဲကစားပြီးချိန်တွင် (၂၇) ကြိမ်အထိ ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် အန်ဆယ်လော့တီက မိမိအနေဖြင့် အလှည့်ကျစနစ်ကို အသုံးပြုနိုင်ခြင်း မရှိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

အန်ဆယ်လော့တီက "ခရစ္စမတ်ထိ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ ကျွန်တော်တို့မှာ အပြောင်းအလဲလုပ်နိုင်တဲ့ အနေအထား မရှိပါဘူး။ ပွဲစဉ်ဇယားက ကျပ်ပေမဲ့ ဒဏ်ရာရကစားသမားတွေ များနေတာကြောင့် ကျွန်တော်တို့မှာ ရွေးစရာ သိပ်မရှိပါဘူး။ ကစားသမားအချို့ ဒဏ်ရာက ပြန်လာပေမဲ့ ကျွန်တော်တို့ ပွဲစဉ်တိုင်းကို အနိုင်ရဖို့အတွက် အကောင်းဆုံးလူစာရင်းကိုပဲ ပွဲထုတ်လေ့ရှိပါတယ်"ဟု ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK