Top News

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်သည့် ပြင်သစ်အကောင်းဆုံး ကစားသမားဆုကို ရီးယဲလ်တိုက်စစ်မှူး အမ်ဘာပေ လေးကြိမ်မြောက်ရရှိ
24htopnews | December 15, 2024 9:12 PM CST

 

ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး အမ်ဘာပေသည် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်သည့် ပြင်သစ်အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ရာသီအတွက် ချီးမြှင့်ရာတွင် အမ်ဘာပေက မဲအများဆုံးရရှိခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာက ဒုတိယ၊ အေစီမီလန်အသင်း ဂိုးသမား မီနွန်က တတိယ၊ ရီးယဲလ်အသင်း ကွင်းလယ်လူ ကာမာဗင်ဂါနှင့် ချူယာမန်နီက စတုတ္ထနှင့် ပဥ္စမနေရာ ရပ်တည်နိုင်ခဲ့သည်။ 

အမ်ဘာပေ(၂၅ နှစ်)သည် ယင်းဆုကို ၂၀၁၈၊  ၂၀၁၉၊ ၂၀၂၂-၂၀၂၃ ရာသီတွင်လည်းရရှိဖူးပြီး အယ်လ်အစ်တီဟတ်အသင်း၌ကစားနေသည့် ဘန်ဇီမာနှင့် လေးကြိမ်စီတူညီသွားပြီဖြစ်သည်။ 

ပြင်သစ်အကောင်းဆုံးကစားသမားဆုကို နာမည်ကျော်တိုက်စစ်မှူးဟောင်း အွန်နရီက ငါးကြိမ်ဖြင့် အကြိမ်အများဆုံးရရှိထားသည်။


READ NEXT
Cancel OK