မုဒုံမြို့နယ် သံလွင်မြစ် ကတုံးပေါ်ရွာ အနီးတွင် တရုတ်သင်္ဘော သဲစုပ်ယူမှုကြောင့် ရေလုပ်သားများ ကျားဓမင်း၊ မျောပိုက်လမ်းကြောင်း ပျက်စီးကာ ငါးအရနည်း၍ သဲစုပ်ယူမှုကို နေရာရွှေ့ပြောင်းပေးရန် သတင်းစာ ရှင်းလင်းပွဲကို မုဒုံမြို့နယ် ကတုံးပေါ်ရွာတွင် နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် မုဒုံမြု့နယ် သံလွင်မြစ်ကမ်း ကတုံးပေါ်ရွာနေ ရေလုပ်သားများက၊ လိုင်စင်ရကျားဓမင်း၊ မျောပိုက်လမ်းကြောင်း တည်ရှိရာတွင် တရုတ်သင်္ဘော သဲစုပ်ယူနေမှုကြောင့် ကမ်းပြို၍ ငါးခိုသဲသောင် ပျက်စီးခြင်း၊ စက်သံကြောင့် ဂေဟစနစ် ပျက်စီးခြင်း၊ သဲစုပ်သင်္ဘောပန်ကာနှင့် ငါးဖမ်းလှေ၊ ပိုက်တို့ထိခိုက်မှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် ငါးဖမ်းခွင့်ကာလ သုံးလကျော်ရှိပြီ ဖြစ်သော်လည်း ငါးအမိအရနည်း၍ လှေ၊ ပိုက်၊ လုပ်သားစရိတ် မကာမိဖြစ်နေရာ ကျန်ငါးဖမ်းခွင့် ငါးလအတွင်း တင်ဒါခွန်ကျေရန် ငါးဖမ်းခွင့် ပြုထားသည့် ကတုံးပေါ်ချောင်းတိုးချဲ့-၁၊ ၂၊ ၃ တို့မှ ကင်းလွတ်သည့်နေရာသို့ သဲစုပ်သင်္ဘောကို ရွှေ့ပြောင်းနေရာ ချထားပေးရေး အတွက် သက်ဆိုင်ရာလူကြီးများ သိရှိရန် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကတုံးပေါ်ရွာမှာလာပြီး လုပ်စားကြတဲ့ ကျိုက်ထိုနယ်၊ ရေလုပ်သား၊ ရွာခံတွေရော အဆင်မပြေကြပါဘူး။ တရုတ်သဲစုပ် သင်္ဘောက ဓမင်းပိုက်၊ မျောပိုက်လမ်းကြောင်းမှာ ပိတ်ပြီးလာဖမ်းတယ်။ ကတုံးပေါ်ချောင်း တစ်နေရာတည်း ထိုင်စုပ်တော့၊ ငါးခိုတဲ့သောင်ခုံကြီးပျက်တယ်၊ ချိုင့်ခွက်ကြီးဖြစ် ပြီး ဘေးကကမ်းပြိုတယ်။ စက်သံကြောင့် ငါးမခိုနိုင်ဘူး။ တင်ဒါရတာက သြဂုတ်လဆို အခုလေးလထဲဝင်နေပြီ၊ ငါးဘာမှမရသေးဘူး၊ ကျန်တာက ငါးလ၊ ရင်းထားတဲ့စက်၊ လှေ၊ ပိုက်၊ လုပ်သားစရိတ်၊ တင်ဒါခွန်ကျေဖို့က ဒီငါးလထဲမှာ တော်တော်ကြိုးစား ရပါမယ်။ ဒါကြောင့် ဒီသဲစုပ်သင်္ဘောက သူ့လိုင်စင် အတိုင်းအကျယ်ကြီးပဲ။ အခြားနေရာကို ပြောင်းရွှေ့စုပ်ပေးဖို့၊ လူကြီးများကူညီပါလို့ အသိပေးရင်း သတင်းစာရှင်းလင်းပွဲကို လုပ်ရတာပါ” ဟုဦးအေးခိုင် (ကတုံးပေါ်ရွာ၊ ရေလုပ်သား မိသားစုဝင်) က ပြောကြားသည်။
“ရေကြောင်းဖောက်တယ်ဆိုတာ မော်လမြိုင်ကနေ ကျိုက္ခမီဝကို အသွားဖောက်တာ။ တစ်နေရာတည်း နှစ်ရှည်လများ တစ်နေရာတည်း စုပ်နေတော့ ဒီရွာအနီးနား ပတ်ဝန်းကျင် ဘယ်လိုလုပ်ခံနိုင်မှာလဲ၊ သဲစုပ် လိုက်တော့ မှုတ်ထုတ်လိုက်တဲ့ အမှိုက်၊ မြေဆွေးတွေ၊ ငါးမပါဘူး။ မွန်ပြည်နယ်ဝန်ကြီးချုပ် မွေးမြူရေလုပ်ငန်း ဝန်ကြီးဆီ တင်ပြထားပြီး ခရိုင်ငါးလုပ်ငန်း၊ မုဒုံမြို့နယ်ထွေအုပ်က ခေါ်စစ်ဆေးသော်လည်း အခြေအနေ မထူးခြား၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု ဦးအေးခိုင်က ပြောကြားသည်။
“ကျွန်တော်လက်ရှိဘာငါးမှ မရတော့ပါဘူး။ အပေါ်ကစက် ဆူညံသံသဲစုပ်နေတော့ ငါးတွေကို မောင်းထုတ်သလို ဖြစ်နေတော့ လုံးလုံးငါးမရဘူး။ အမှိုက်ပဲရ၊ ဒီကြားထဲလူ ငါးလေးယောက်ရှိတယ်။ လူငှားစရိတ်တောင် မရပါဘူး။ အခုသဲစုပ်သင်္ဘောနှစ်စင်း၊ ကဲ့သင်္ဘောက ငါးစင်း နေ့ညမောင်းနေတော့ ဆူညံပါတယ်။ ရွာပေါ်တက်ပြီး စျေးဝယ်တယ်၊ တရုတ်စကားပြောတယ်၊ တရုတ်လို့လည်း ပြောသံကြားပါတယ်” ဟု ကျားဓမင်း ပိုက်ရှင်ဦးအုန်းတင်က ပြောကြားသည်။
“ပိုက်လှေကို ဖြတ်ချတာတို့ လှေကို တစ်ခါတိုက်တာ နှစ်၊ သုံးကြိမ်လောက် ဖြစ်ခဲ့ပါတယ်။ နစ်နာကြေးရသူ၊ မရတဲ့သူရှိတယ်။ နှစ်တိုင်းတဲ့စာရင် အခု ကမ်းပြိုတာများတယ်။ သဲစုပ်တဲ့အခါကြည့်ရင် သံလွင်မြစ် ကြောင်း၊ မော်လမြိုင်ကနေ ကျိုက္ခမီအထိ၊ ကတုံးပေါ်ချောင်းဝ-ဘလောက်ချောင်းဝ အထိ ရေအနက်ဆုံး ဒီမှာတစ်ခြမ်း တူးလိုက်ခြင်းဖြင့် ကမ်းပြိုတာပေါ့။ သူတို့ကသဲကိုပဲယူ မယ်ဆိုရင် ဟိုအောက်ဘက်သဲတွေ တစ်ပုံကြီး တစ်နှစ်၊ နှစ်နှစ် လာတူးတာတောင် မကုန်ဘူး။ အခုရေနက်ကြောမှာ လာတူးတယ်ဆိုတော့ ဒီထဲက သဘာဝသယံဇာတ ပစ္စည်းတွေ လိုချင်လို့ပဲမြင်တယ်။ သဲပြည့်လို့ အထွက်မှာ လမ်းကြောင်း မယူတဲ့အတွက် ပိုက်၊ လှေတွေနဲ့ တိုက်ချိတ်မိပါတယ်” ဟု ဦးအေးလွင် (ရေလုပ်သား) က ပြောကြားသည်။
ယခုသဲင်္ဘောပေါ်တွင် နိုင်ငံခြားသား တရုတ်လူမျိုး သုံးဦးကို စစ်ဆေးတွေ့ရပြီး ယခင်၂၀၁၄-၂၀၁၅ ကတစ်ကြိမ် သဲလာစုပ်စဉ်က ငါးများရှားပါးပြီး စားဝတ်နေရေး အဆင်မပြေ၍ မိသားစုလိုက် တစ်ဖက်နိုင်ငံသွားမှုရှိပြီး ယခုတိုင် မပြန်နိုင်သေးကြောင်း၊ ကတုံးရွာတွင် အိမ်ခြေသုံးရာကျော်၊ ရေလုပ်သားမိသားစု တစ်ရာဝန်းကျင်ရှိပြီး ငါးပြက်၊ ငါးပုတ်သင်များ အထိအမိများရာ နေရာဖြစ်၍ ရွှေ့ပြောင်း ရေလုပ်သားများလည်း လာရောက် နေထိုင်မှုရှိကြောင်း ကတုံးပေါ်ရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
