ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ထုတ်လုပ်မှုမရှိသော သောက်ရေသန့်များရှိနေခြင်းကြောင့် FDA သတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်နိုင်ရန် လုပ်ငန်းရှင်များကို ဒီဇင်ဘာလအထိ သင်တန်းများပေးမည်ဖြစ်ကြောင်း သိရသည်။
“ရေသန့်လုပ်ငန်းတွေက ပြည်သူလူထုရဲ့ အားထားရာလည်း ဖြစ်တယ်။ အခုခေတ်မှာ ရေသန့်ကို ဦးစားပေးသောက်နေကြပြီဆိုတော့ ရေသန့်လုပ်ငန်းတွေကတကယ် ရေသန့်ဖြစ်မှ အားလုံးအတွက်အကျိုးရှိမယ်ဆိုတော့ တချို့ရေသန့်နဲ့ပတ်သက်လို့ အဆင်မပြေတဲ့ အသံလေးတွေကြားနေရတဲ့အတွက် ကျွန်တော်တို့လည်း စုံစမ်းတယ်။ စစ်ဆေးတယ်။ သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ရေသန့်တွေ တွေ့ရင်အရေးယူတယ်။ ပိတ်သိမ်းတယ်။ လုပ်ငန်းတွေကို ပြန်ပြုပြင်ခိုင်းပြီး ပြန်စစ်ဆေးတယ်။ ဒီလိုတွေလုပ်ရင်းတွေ့ရတဲ့အခါ တချို့လုပ်ငန်းတွေကလည်း အသိပညာ နည်းနည်းအားနည်းပြီး လုပ်ရမယ့်အချက်တွေကို သေချာမသိလို့ဆိုတာ တွေတွေ့ရတဲ့အတွက် ဒီလိုသင်တန်းတွေပေးပြီး သူတို့ရဲ့ အသိပညာကို မြှင့်တင်ပေးတဲ့သဘောပါ” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းဝန်က ပြောကြားသည်။
ယခု ၂၀၁၈ ခုနှစ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တစ်နိုင်ငံလုံးအနေဖြင့် ခွင့်ပြုခဲ့သော သောက်ရေသန့်လုပ်ငန်းအသစ်ပေါင်း ၁၅၀ အနက် ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းသစ် ၅၀ နီးပါး ပါဝင်ကြောင်း သိရသည်။
FDA အနေဖြင့် လတ်တလော ပိတ်သိမ်းအရေးယူထားသော သောက်ရေသန့် အမှတ်တံဆိပ်များစျေးကွက်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းတွေ့ရှိက မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ (သို့မဟုတ်) မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးကော်မတီ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်း သိရသည်။
“သင်တန်းမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်ကို သေသေချာချာလိုက်နာဖို့နဲ့ ကျွန်တော်တို့နဲ့ ဆွေးနွေးခြင်းအားဖြင့် သူတို့ဘယ်အပိုင်းမှာ အားနည်းနေသလဲဆိုတာကို လုပ်ငန်းရှင်တွေလည်း သိသွားမယ်။ အားနည်းနေတဲ့အပိုင်းတွေကို ပြင်ဆင်သွားနိုင်မယ်။ တစ်ဦးတစ်ယောက်ချင်းစီ လုပ်ငန်းတစ်ခုမှာ တစ်ခါပြောဖို့ က အခက်အခဲရှိတဲ့အတွက် အခုလို အားလုံးစုပြောလိုက်ခြင်းအားဖြင့် အားလုံးလည်း နားလည်သွားမယ်ပေါ့။ ပြီးရင် ဒီလိုသင်တန်းတွေကို ဒီဇင်ဘာလအထိ ဆက်တိုက် ရန်ကုန်မြို့တွင်းမှာရှိတဲ့ ခရိုင်အလိုက် သင်တန်းတွေပေးနေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
FDA ၏ စျေးကွက်ထောက်လှမ်း စိစစ်ချက်အရအချို့သော သောက်ရေသန့်များမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အရည်အသွေးစိစစ်ထောက်ခံထားသည့် သောက်ရေသန့်များ မဟုတ်ကြောင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသော စံချိန် စံညွှန်းမညီထုတ်လုပ်သည့် သောက်ရေသန့် လုပ်ငန်းများကိုလည်း အရေးယူမှုများ လုပ်ဆောင်လျက်ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
