ထိုင်းအစိုးရ၏ စီမံချက်ဖြင့် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများအား အကူအညီ ပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။
အဆိုပါပြောကြားချက်မှာ နိုဝင်ဘာ ၂ ရက်က MICC2 ၌ပြုလုပ်သည့် ၂၀၁၈ ခုနှစ် မြန်မာစာရင်းအင်းဖိုရမ်အပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ဦးမျိုးအောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၁ ရက်မှစ၍ ထိုင်းအစိုးရက ၎င်းတို့နိုင်ငံအတွင်းရှိ တရားမဝင် ဝင်ရောက်နေထိုင်ကြသော မြန်မာအပါအဝင် နိုင်ငံခြားသားများကို အမျိုးသားလုံခြုံရေး စီမံချက်နှင့် ဧည့်စာရင်းဥပဒေသစ် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။
“ဖမ်းနေတာက ကျွန်တော်တို့ နိုင်ငံတစ်ခုတည်းတော့ မဟုတ်ဘူး။ ဥရောပနိုင်ငံသားတွေ၊ ကနေဒါတို့လည်းပါတယ်။ သံရုံးက ဒေတာတွေအရဆိုရင် သူတို့ဆီက ပိုများသေးတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ ထိုင်းနဲ့ကအဆင်ပြေပါတယ်။ သူတို့ကလည်း တရားဝင်ပြန်လွှဲ ပေးတယ်လေ။ သူတို့က အထောက်အထားမဲ့လို့လား။ ဘာကြောင့်လဲ။ အပြစ်ရှိလို့လားဆို တာညှိပြီး ပြန်လွှတ်ရမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ နိုင်ငံသားတွေ ဒုက္ခရောက်တယ်ဆိုရင် အကုန်ကူညီမှာပါ” ဟု အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရ ညှိနှိုင်း၍ CI စာအုပ်အထောက်အထားများ ထုတ်ပေးခြင်းကို၂၀၁၇ မတ် ၃ ရက်မှ ဇွန် ၃၀ ရက်အထိ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ CI စာအုပ်ထုတ်ပေးမှုအပြီး စက်တင်ဘာမှစ၍ ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာလုပ်သားအား ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာတစ်လအတွင်း ၅၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်း ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ထိုင်းနိုင်ငံ လဝကနှင့်ထိုင်းအာဏာပိုင်များ ပူးပေါင်းဖမ်းဆီးမှုဖြင့် မြန်မာလုပ်သားများစွာ ဖမ်းဆီးခံရကြောင်း သိရသည်။
ဖမ်းဆီးခံထားရသူများမှာ ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အပါအဝင် နိုင်ငံခြားသားများ၊ သက်တမ်းကျော် လွန်နေထိုင်သူများ၊ အလုပ်လုပ်ကိုင်ခွင့် (Work Permit) တွင်ပါသည့် အလုပ်အကိုင်နှင့် လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းအမျိုးအစားကွဲလွဲခြင်းနှင့် အလုပ်ရှင်သူဌေးမတူသည့် နိုင်ငံခြားသားများနှင့် ဥပဒေနှင့်မညီညွတ်သော အလုပ်သမားများအား ထိုင်းအာဏာပိုင်များက ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
