၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံရှိ အကျပ်အတည်းကြားက ကြိုးစားရှင်သန်နေရသူဦးရေ ၅ ဒသမ ၅ သန်းအတွက် အကူအညီများ ပေးနိုင်ရန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ တောင်းဆိုထားကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။
၂၀၂၅ ခုနှစ်၌ မြန်မာနိုင်ငံတွင် အကူအညီလိုအပ်သူဦးရေ ၁၉ ဒသမ ၉သန်း ရှိပြီး မြန်မာ့လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ် (HNRP) အနေဖြင့် အကျပ်အတည်းကြားက ကြိုးစားရှင်သန်နေရသူဦးရေ ၅ ဒသမ ၅သန်းအား လူမှုဘဝ ရှင်သန်ရေး အကူအညီများ ပေးအပ်နိုင်ရန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကိုအဆိုပြုတောင်းဆိုထားကြောင်း UNOCHA Myanmar က ထုတ်ပြန်သည်။
မြန်မာ့လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ်သည် အထိခိုက်လွယ်ဆုံးလူထုကိုဦးစားပေးပြီး မြင့်တက်လာနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းဖို့ မဟာဗျူဟာကျတဲ့ တုံ့ပြန်ရေးစီမံချက်တစ်ခုဖြစ်သည်ဟု UNOCHA Myanmar က ဆိုသည်။
၂၀၂၄ ခုနှစ် နှစ်စပိုင်းမှ စတင်ကာ စက်တင်ဘာလကုန်အထိ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့်မြန်မာ့လူဦးရေ သုံးသန်းနီးပါးကို အကူအညီပေးခဲ့ပြီးဖြစ်သော်လည်း ရန်ပုံငွေရရှိမှုအလွန်အမင်း နည်းပါးခဲ့သဖြင့် ပြည့်ပြည့်ဝဝ အကူအညီမပေးနိုင်ခဲ့ကြောင်း၊ နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း ၂၀၂၄ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုန့်ပြန်ရေးလုပ်ငန်းစီမံချက်အတွက် ရန်ပုံငွေမှာ ၃၄ ရာခိုင်နှုန်းသာသာပဲရရှိခဲ့သဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးပေါ်အကူအညီများ ပေးနိုင်ရန် ထိခိုက်ခဲ့ရသည်ဟု UNOCHA Myanmar က နိုဝင်ဘာလကုန်ပိုင်းတွင် ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
