မြန်မာအာဏာပိုင်များက ဖမ်းဆီးထားသည့် ထိုင်းငါးဖမ်းသမားလေးဦးနှင့်ပတ်သက်ပြီး မြန်မာအစိုးရနှင့် ဆွေးနွေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa မြန်မာသို့ လာရောက်မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa သည် လာမည့် ကြာသပတေးနေ့တွင် ထိုင်းငါးဖမ်းသမားလေးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် မြန်မာအရာရှိနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC) ကို ကိုးကား၍ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip Sawangsaeng က ထိုင်းလူမျိုး လေးဦးကို နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်မှာ ဆက်လက် ဆောင်ရွက်ဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ် ပေထုန်ထန်ရှင်နာဝပ်က မြန်မာဒုတိယဝန်ကြီးချုပ်အပြင် ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ထိုင်း ငါးဖမ်းသမားများအရေး နှောင့်နှေးရခြင်းမှာ တရားရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကြောင့်ဖြစ်ကြောင်း သိရှိခဲ့ရပြီး အခြားပြဿနာများမရှိဟု အာမခံထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အဆိုပါ အမျိုးသားလေးဦးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးထံ တင်ပြပြီး အမြန်ဆုံး လွတ်မြောက်လာစေရန် ဆန္ဒရှိကြောင်း၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်မှာ မြန်မာနိုင်ငံတွင် နှစ်ပတ်နီးပါးကြာ ထိန်းသိမ်းခံထားရသော သင်္ဘောသားများကို အမြန်ပြန်လွှတ်ပေးရန်အတွက် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Thanathip Sawangsaeng က ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီး Phumtham Wechayachai ကလည်း TBC နှင့် အခြားအေဂျင်စီများအား ၎င်းတို့လေးဦး၏ မိသားစုများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြန်မာရေလုပ်သား ၂၇ ဦးတို့နှင့်အတူ ထိုင်းနိုင်ငံသား လေးဦးသည် ကမ်းလွန်ပင်လယ်ပြင် ရေမိုင် ၁၂ မိုင်ခန့်အကွာတွင် မြန်မာ့တပ်မတော်(ရေ) သင်္ဘောက ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းတို့အနက် ငါးဖမ်းလှေတစ်စင်းမှ သင်္ဘောသားတစ်ဦး ပင်လယ်ထဲသို့ ခုန်ချသေဆုံးခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံထားရသူများကို မြန်မာနိုင်ငံ ကော့သောင်းမြို့ရှိ ထိန်းသိမ်းရေး စခန်းသို့ ရွှေ့ပြောင်းထားကြောင်း သိရပြီး ထိုင်းနိုင်ငံသားလေးဦးကို ဒီဇင်ဘာ ၆ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ထင်ကြေးပေးခဲ့သော်လည်း ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
