Top News

ကိုဗစ်ပြီး ကိုဗစ်ဖြစ်ပွားခြင်း
24htopnews | December 14, 2024 11:12 PM CST

ကိုဗစ် (COVID-19) ရောဂါဖြစ်ပြီး ကိုဗစ်ဖြစ်တာရှိပါတယ်။ နောက် ကိုဗစ် (COVID-19) ကာကွယ်ဆေးထိုးပြီး ကိုဗစ်ရောဂါဖြစ်တဲ့သူတွေ ရှိနေပါတယ်။ လူငယ်လူရွယ် (တစ်နည်း) အခြေခံကျန်းမာသန်စွမ်းတဲ့သူတွေနဲ့ မသန်မစွမ်းဆီးချိုရောဂါရှင်၊ ကင်ဆာရောဂါရှင်၊ ကျောက်ကပ်ဝေဒနာရှင်၊ လေသင်တုန်းဖြတ်ထားသူ၊ ကိုယ်ခံအားနည်းသူ၊သက်ကြီးရွယ်အိုကြား ဖြစ်တဲ့သူတွေရဲ့ သုတေသနဆိုပြီး နှစ်မျိုးလုပ်ထားပါတယ်။ ပထမအုပ်စုလူငယ်တွေမှာ ကာကွယ်ဆေးထိုးပြီး ကိုဗစ်ဖြစ်တဲ့အုပ်စုမှာ အနေထိုင်အစားအသောက်မပျက်တဲ့ ကိုဗစ်ရောဂါပဲဖြစ်တယ်။

သာမန်အအေးမိ၊ နှာစေး၊ ကိုယ်လက်ကိုက်ခဲတာလောက်ပဲရှိပါတယ်။ ဒုတိယအုပ်စု၊ ခုခံအားကျဆင်းလွယ်တဲ့ အုပ်စုမှာတော့ ကိုဗစ်ပြန်ဖြစ်ရင် ဆေးရုံတက်ဖို့လိုပါတယ်။ အောက်ဆီဂျင်ရှူဖို့လိုပါတယ်။ ကိုဗစ်ကာကွယ်ဆေးက အပြည့်အဝ အကာအကွယ်မပေးနိုင်ဘူးဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံကြရာမှာလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကအရေးပေါ် ကိုဗစ်ကာကွယ်ဆေးဆိုပြီး ၁၀ မျိုးလောက်ကို ကမ္ဘာ့အနှံ့အပြားထိုးနှံနေကြပါတယ်။

အမေရိကန်၊ ဗြိတိန်၊ အစ္စရေးနဲ့ စင်ကာပူမှာ ဖိုင်ဇာ (Pfizer) ကာကွယ်ဆေး ထိုးနှံကြတယ်။

နှစ်ကြိမ်ထိုးနှံပြီးသူများ၊ နှစ်လကြာမှာ တတိယအကြိမ် မြှင့်တင်ကာကွယ်ဆေး (Third Dose) ထိုးနှံဖို့ နှိုးဆော်ထားချိန်မှာ အချို့ဒေသထိုးနှံပြီးပြီ။ ‌နောက်ထပ်ကိုဗစ်မျိုးကွဲ လမ်ဘဒါ (Lambda) နဲ့ မြူ (Mu) တို့ ပီရူးနဲ့ ကိုလံဘီယာနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့အပေါ် လက်ရှိကိုဗစ်ကာကွယ်ဆေးတွေက အစွမ်းထက်ပါ့မလား။ ဖိုင်ဇာ (Pfizer) ကတော့ ၆၅ ရာခိုင်နှုန်းအထိပဲ ကြိုတင်ကာကွယ်နိုင်မှာဖြစ်လို့ ထပ်ဆင့်မြှင့် တတိယအကြိမ် ကာကွယ်ဆေးထိုးနှံဖို့ အရေးပေါ်စီစဉ်ခဲ့ပါတယ်။

မိုဒါနာ (Moderna) နဲ့ အက်စထွာဇီနီကာ (Astra Zeneca) တို့ကလည်း တတိယအကြိမ်ထိုးနှံဖို့ ပြောလာတယ်။ မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံမှ လှူဒါန်းထိုးနှံပြီးတဲ့ ကိုဗစ်ရှီး (Covishield) ကာကွယ်ဆေးဟာ အက်စထွာဇီနီကာ ကာကွယ်ဆေးမျိုးဖြစ်တယ်။ တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် (Sinovac/Sinopharm) ကာကွယ်ဆေး မြန်မာနိုင်ငံမှာ လက်ရှိထိုးနှံနေတာမှာ ဘေးထွက်ဆိုးကျိုးနည်းပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို ကိုဗစ် (COVID-19) ရောဂါဖြစ်ပြီးသူများ၊ ပဋိပစ္စည်း (Antibody) ထွက်လာတဲ့အခါ မူတည်ကာ (၁-၆) လအတွင်း ထိုးနှံဖို့လိုပါမယ်။ကာကွယ်ဆေးထိုးနှံပြီးမှ နောက်နေ့ ကိုဗစ် (COVID-19) စစ်ဆေးလို့ ပေါ်ပေါက်တာဟာ ကာကွယ်ဆေး မထိုးနှံခင်ကတည်းက ကိုဗစ်ရှိနှင့်ပြီးပဲဖြစ်တယ်။ သည်လိုမျိုး ထိုးနှံသူများပိုပြီး ရောဂါရဲ့ဒဏ်ခံစားရတတ်ပါတယ်။ အချို့လည်း တစ်လအတွင်း ကိုဗစ်ကူးစက်ခံရနိုင်တယ်။

ဒုတိယအမျိုးအစားကတော့ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ခြောက်လကျော်မှဖြစ်တဲ့ ကိုဗစ် (COVID-19) ရောဂါဖြစ်တယ်။ထိုးနှံထားတဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ခြောက်လကျော်ရင် ကာကွယ်နိုင်မှုစွမ်းအား နည်းသွားတတ်တယ်။

ဒါကြောင့်လည်း နှစ်လအတွင်း တတိယအကြိမ်တိုးမြှင့် ကာကွယ်ဆေးထိုးနှံဖို့ စီစဉ်နေကြတာဖြစ်တယ်။ သွေးထဲမှာ တုံ့ပြန်ပစ္စည်းပမာဏ တိုင်းကြည့်ရင် နှစ်ကြိမ်ထိုးနှံထားသူများရဲ့ တုံ့ပြန်ပစ္စည်းပမာဏ နည်းသွားပါပြီ။

တတိယအမျိုးစားက ပထမနဲ့ဒုတိယအမျိုးစား နှစ်ခုရဲ့ကြားကာလ၊ ကာကွယ်ဆေးထိုးပြီး နှစ်ပတ်မှခြောက်လအတွင်းဖြစ်တဲ့ ကိုဗစ် (COVID-19) ရောဂါမျိုးဖြစ်တယ်။ ကာကွယ်ဆေး အာနိသင်သေသေချာချာပြတဲ့ အချိန်မှာဖြစ်တယ်။

ကာကွယ်ဆေးရဲ့တုံ့ပြန်မှု (ရောဂါပြီးမှု) မပြည့်စုံတာကြောင့် လူမှာခုခံမှုစနစ် (Immunity) မရရှိတာကြောင့် ကိုဗစ် (COVID-19) ကူးစက်တာပဲ ဖြစ်တယ်။ ကာကွယ်ဆေးအမျိုးအစား၊ အအေးသိုလှောင်ထားမှုစနစ်၊ ထိုးနှံပေးတဲ့သူရဲ့ အားနည်းချက်၊ ရောဂါအခံရှိသူများ စတဲ့အားနည်းချက်များ ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီး ကိုဗစ် (COVID-19) ရောဂါဖြစ်သူများ ကြည့်ရာမှာ လူ ၁၀ ဦးမှာ တစ်ဦးဖြစ်ကာ တွေ့ရပါတယ်။ ကိုဗစ်ရောဂါကူးစက်နိုင်တဲ့အတူတူ မထိုးနှံဘဲ နေမလားစဉ်းစားစရာ ဖြစ်လာတယ်။ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့သူ ဆေးရုံကို ကိုဗစ်ရောဂါနဲ့ တက်ရောက်လာရင် ကျန်းမာရေးချို့ယွင်းချက်အစုံ တွေ့ရနိုင်ပါတယ်။ ဆေးရုံမှာ အောက်ဆီဂျင်ရှူရတဲ့ လူနာအရေအတွက်များလာသလို အသေအပျောက်လည်း များပါတယ်။ ကာကွယ်ဆေး မထိုးထားသူများ ကိုဗစ်ကြောင့်သေဆုံးမှု (၂၀ ရာခိုင်နှုန်း) ဖြစ်တယ်။ ကာကွယ်ဆေး ထိုးနှံသူများဆိုရင် ထက်ဝက်မက လျော့ကျတာ အပြင်းအထန်လည်း မခံစားရတော့ပါဘူး။ ကိုဗစ်ရဲ့ ရောဂါလက္ခဏာတွေက ဖျားခြင်း (အဖျားကြီးခြင်း) ၊ ချောင်းဆိုးခြင်း ၊ နှာစေးခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ အနံ့ပျောက်ခြင်း၊ အစားမဝင်ခြင်း၊ ဝမ်းလျှောခြင်း၊ အိပ်မရခြင်း၊ အချိန်ပြည့် ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ကာ အောက်ဆီဂျင်ရှူမဝဘဲ သေဆုံးခြင်းဖြစ်တယ်။

ကိုဗစ်ကာကွယ်ဆေးတွေက ယနေ့ပီရူးမှာတွေ့နေတဲ့ လမ်ဘဒါ (Lambda) မျိုးကွဲ၊ ကိုလံဘီယာမှာတွေ့တဲ့ မြူ (Mu) မျိုးကွဲတွေမှာ အစွမ်းထက်ရဲ့လားဆိုတော့ ဖိုင်ဇာ (Pfizer) ကုမ္ပဏီက ပြောသလို ၉၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ် ဆိုပါတယ်။ တကယ်လို့သာ မျိုးဗီဇပြောင်း ကိုဗစ် (SARs CoV - 2) မှာပါတဲ့ စပိုက်ပရိုတင်း (B1.6.21) က သိသိသာသာ ပြောင်းလဲသွားရင် ကာကွယ်ဆေး အစွမ်းအစ နည်းသွားနိုင်ပါတယ်။ မြူ (Mu) က ဗီဇပြောင်း ကိုဗစ် (COVID-19) ရောဂါပိုးဟာ ကိုလံဘီယာမှာ ၃၉ ရာခိုင်နှုန်း၊ အီကွေဒေါမှာ ၁၃ ရာခိုင်နှုန်း ကူးစက်ထားပြီး ဖြစ်တယ်။ တစ်ကမ္ဘာလုံး ပျံ့နှံ့နိုင်ပါတယ်။

မျိုးဗီဇပြောင်းလို့့ဖြစ်စေ၊ ကာကွယ်ဆေးထိုးလို့ဖြစ်စေ၊ ထွက်ပေါ်နေတဲ့ ပဋိပစ္စည်း (Antibody) တွေ ကောင်းစွာကျော်လွှားနိုင်စွမ်း ရှိနိုင်တယ်လို့ ယူ‌ဆကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကနဦးစစ်ဆေးချက်မှာ တွေ့ရှိထားပါတယ်။

စမ်းသပ်ခန်းကတိကျမှာ မဟုတ်သလို လူတွေရဲ့ကိုယ်ခံအားစနစ်က ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ ကောင်းစွာမသိရှိနိုင်ကြောင်း သုတေသီ Dr ပေါဂရစ်ဖင်က ဆိုပါတယ်။

ဗီဇပြောင်းလမ်ဘဒါ (Lambda) နဲ့ မြူ (Mu) တို့ဟာ လက်ရှိအချိန်အထိ စိုးရိမ်ဖို့မလိုသေးပါဘူး။ ရှိနှင့်ပြီး ကြိုတင်ကာကွယ်ဆေးတွေ ကျော်လွှားနိုင်လား၊ မကျော်လွှားနိုင်ဘူးလားဆိုတာ ကွဲကွဲပြားပြားမသိရှိသေးပါဘူး။ ဗီဇပြောင်းလဲတာနဲ့အမျှ လူတို့ရဲ့ခုခံမှုစနစ် ပြောင်းသွားတာနဲ့အညီ ကာကွယ်ဆေးသစ်တွေ ထိုးနှံဖို့လိုလာပါတယ်။

ခုနကဆိုသလို ကျန်းမာရေးကောင်းမွန်တဲ့ လူငယ်တွေ၊ အရွယ်ကောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး ဖျားနာမှုနည်းပါးပေမဲ့ ဒုတိယအုပ်စုခုခံမှုစနစ် လျော့နည်းနေတဲ့အုပ်စုမှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီး ကိုဗစ်ရောဂါဖြစ်နိုင်ပါတယ်။ကိုဗစ်ပိုးကောင်ရေ ပမာဏပေါ်မှာလည်း မူတည်နေပါတယ်။ ဝင်သွားတဲ့ ပိုးကောင်ရေ ၁၀ ကောင်ဝင်တာနဲ့ အကောင် ၁၀၀၀ ဝင်တာနဲ့ ရောဂါဖြစ်ပုံချင်း မတူညီနိုင်ပါဘူး။

ကိုဗစ်ပိုးရဲ့ မျိုးကွဲဗီဇလမ်ဘဒါ (Lambda) ၊ မြူ (Mu) တို့မှာ ကိုဗစ်ရောဂါဖြစ်နှုန်း ဆိုးရွားနှုန်းကွာခြားပါတယ်။ နောက်ကိုဗစ်ကာကွယ်ဆေးရဲ့အပိုင်းအခြားက ခြောက်လလောက်ခံခဲ့ရပါတယ်။ ဒါကြောင့် ဖိုင်ဇာ (Pfizer) ကုမ္ပဏီက ဗြိတိန်၊ အမေရိကန်၊ စင်ကာပူ၊ အစ္စရေးနိုင်ငံတို့မှာ တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး (Third Dose) ထိုးနှံဖို့ ပြင်ဆင်နေသလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မပြောခင်ကတည်းက ထိုးနှံနေပြီဖြစ်တယ်။

ရောဂါက ကမ္ဘာမြေပေါ်မှာ ၂-၃ နှစ်လောက် ကြာဦးမှာပဲဖြစ်တယ်။ ကိုဗစ်ကြီး မပျောက်သေးသရွေ့ ကြိုတင်ကာကွယ်ဆေးထိုးနှံတဲ့အပြင် လက်ကို ရေ၊ဆပ်ပြာတို့နှင့် စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာခြားခြင်း၊ နှာခေါင်းစည်း (Surgical Mask) တပ်ခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ အိမ်ထဲမှာနေခြင်း (Stay at Home) တို့နဲ့ ကြိုတင်ကာကွယ်မှုရယူကာ ကိုဗစ်နှင့်အတူယှဉ်တွဲနေထိုင်ရေး ပုံမှန်ဘဝသစ် (New Normal Life) ကို ခံယူကြဖို့သာ ရှိပါတယ်။ ကမ္ဘာမြေပေါ်မှ ကိုဗစ်ပျောက်ကွယ်သွားမလားဆိုတာကတော့ တုပ်ကွေး (Influenza) ရောဂါလို နှစ်စဉ်ဗီဇပြောင်းအနေနဲ့ ဝင်လာဖို့ရှိနေပြီပဲ ဖြစ်ပါတယ်။


READ NEXT
Cancel OK