Top News

ဆရာစံလမ်းပေါ်တွင် လမ်းဖြတ်ကူးသူတစ်ဦးကို ယာဉ်တစ်စီးက တိုက်မိရာ ပွဲချင်းပြီး သေဆုံး
24htopnews | December 14, 2024 8:12 PM CST

ရန်ကုန်တိုင်းဒေသကြီး ဆရာစံလမ်းပေါ်တွင် လမ်းဖြတ်ကူးသူတစ်ဦးကို ယာဉ်တစ်စီးက တိုက်မိရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် ကိုပူတူးနှင့် ဘော်ဒါများအသင်းထံမှ သိရသည်။

ဒီဇင်ဘာ ၈ ရက် ည ၁၀ နာရီခွဲခန့်တွင် ဆရာစံလမ်းပေါ်တွင် လမ်းဖြတ်ကူးသူ အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးကို ဟိုက်ဂျက်ယာဉ်မှ ဝင်တိုက်သဖြင့် အကူအညီပေးရန် ပတ်ဝန်းကျင်က ဆက်သွယ်လာဖြင့် သွားရောက်ကူညီခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

“ကျွန်တော်တို့ ရောက်ရှိချိန်တွင် လမ်းကူးသူမှာ အခင်းဖြစ်ပွားရာနေရာတွင် ဦးခေါင်းခွံ့ ကွဲအက်ဒဏ်ရာ၊ အမျိုးသားအင်္ဂါ ပွင့်ထွက် ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပါတယ်” ဟု ကိုပူတူးနှင့် ဘော်ဒါများ အသင်းက ထုတ်ပြန်ထားသည်။

အခင်းဖြစ်ပွားရာနေရာမှ သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ အခမဲ့ပို့ဆောင်ကူညီခဲ့သည်ဟု အဆိုပါအသင်းထံမှ သိရသည်။


READ NEXT
Cancel OK