လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေအောင်မြင်စွာ ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဟု နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ ၌ ယနေ့(ဒီဇင်ဘာ ၁၀ ရက်)တွင် ကျင်းပသည့် (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား အမှာစကားပြောကြားရာတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အနေဖြင့်လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူအားလုံးကလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မလွဲမသွေ ရှေ့ဆက်လျှောက်လှမ်းရမည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေအောင်မြင်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင် နစက ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲကျင်းပနိုင်ရေးလိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသားပြည်သူများရရှိမည့် လွတ်လပ်ခွင့်နှင့်လူ့အခွင့်အရေးများကို ပျက်ပြားအောင်ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ လူ့အခွင့်အရေးများကို လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းများဖြင့် ချိုးဖောက်နေကြခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ တန်းတူအခွင့်အရေးရရှိရန်နှင့် အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်ကြရန်အတွက် စည်းလုံးညီညွတ်ကြပြီး အဖျက်အမှောင့်လုပ်ရပ်များကို တိုင်းရင်းသားပြည်သူအားလုံးက လက်တွဲဆန့်ကျင်တိုက်ဖျက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတစ်နိုင်ငံတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းရင်းသားပြည်သူများအကြား လူ့အခွင့်အရေးများကို ရရှိခံစားစောင့်ထိန်းလိုက်နာကြရန်လိုအပ်ကြောင်း၊ ထို့ကြောင့်လည်း နိုင်ငံတော်အနေဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးသဘောတူစာချုပ်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ထားပြီး နိုင်ငံအဆင့် အစီရင်ခံစာများတင်သွင်းခြင်းနှင့် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review UPR) တို့တွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် နိုင်ငံသားများ၏လူ့အခွင့်အရေး ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၄ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်းတည်ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း လူ့အခွင့်အရေးမြှင့်တင်ခြင်း၊ ကာကွယ်ခြင်းတို့ကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ထွက်ပေါ်လာစေရေး ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ပါအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး လူ့အခွင့်အရေးစံနှုန်းမြင့်မားသည့် နိုင်ငံဖြစ်လာရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းမှာကြားလိုကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္နာမွှန်းက ကုသလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားသည်။
အထက်ပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
