Top News

ယူရိုပါလိဂ်တွင် လာဇီယိုနှင့် ဘီလ်ဘာအိုတို့ အနိမ့်ဆုံးအဆင့် ၁၆ နှင့် မန်ယူအပါအဝင်ငါးသင်း အနိမ့်ဆုံး Play-offs ကစားခွင့်ရရန် သေချာသွားပြီး ကွန်းဖရန့်လိဂ်တွင် ချယ်လ်ဆီး နောက်တစ်ဆင့်တက်
24htopnews | December 14, 2024 2:12 PM CST

 

၂၀၂၄-၂၀၂၅ ရာသီ ယူရိုပါလိဂ်ပြိုင်ပွဲ တွင် လာဇီယိုနှင့် ဘီလ်ဘာအိုအသင်းတို့ အနိမ့်ဆုံးအဆင့် ၁၆ နေရာနှင့် မန်ယူအပါ အဝင်ငါးသင်း အနိမ့်ဆုံး Play-offs ကစားခွင့်ရရန် သေချာသွားပြီး ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း နောက်တစ်ဆင့်တက် ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယူရိုပါလိဂ် ပွဲစဉ် (၆) ကို ဒီဇင်ဘာ ၁၁၊ ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားရာ ဇယားထိပ်ဆုံး မှ လာဇီယိုနှင့် ဘီလ်ဘာအိုအသင်း နိုင်ပွဲ ဆက်ပြီး အနိမ့်ဆုံး အဆင့် ၁၆ နေရာ (Play-offs ကစားရပါက ဆီဒင်ရအဖြစ် သတ်မှတ်ခံရမည်) ရပ်တည်နိုင်ရန် သေချာသွားပြီဖြစ်သည်။ ထို့ပြင် အန်ဒါလက်ချ်၊ လိုင်ယွန်၊ ဖရန့် ဖတ်၊ ဂါလာတာစာရေးနှင့် မန်ယူအသင်းတို့လည်း အနိမ့်ဆုံး Play-offs ကစားခွင့် အဆင့် ၂၄ နေရာ ရပ်တည်နိုင်ရန် သေချာသွားပြီဖြစ်ကြောင်း သိရသည်။ 

ပွဲစဉ် (၆) အပြီးတွင် လာဇီယိုနှင့် ဘီလ်ဘာအိုအသင်းက ၁၆ မှတ်စီရရှိထားပြီး အန်ဒါလက်ချ်အသင်းက ၁၄ မှတ်၊ လိုင်ယွန်နှင့် ဖရန့်ဖတ်အသင်းက ၁၃ မှတ်စီ၊ ဂါလာတာစာရေးနှင့် မန်ယူအသင်းက ၁၂ မှတ်စီ ရရှိထားသည်။ ခြောက်ပွဲစလုံး ရှုံးနိမ့်ထားသည့် ဇယားအောက်ဆုံးမှ ဒိုင်နမိုကိဗ် အသင်းမှာမူ ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။

ကွန်းဖရန့်လိဂ် ပွဲစဉ် (၅) ကို ဒီဇင်ဘာ ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားရာ ဇယားထိပ်ဆုံးမှ ချယ်လ်ဆီးတစ်သင်းတည်းသာ ရာနှုန်းပြည့် နိုင်ပွဲဆက်ပြီး ၁၆ သင်းအဆင့်တက်ရောက်ခွင့်ရရန် သေချာသွားပြီဖြစ်သည်။ ထို့ပြင် ဂီမာရေ့စ်၊ ဖီအိုရင်တီးနား၊ လီဂီယာဝါဆော၊ လူဂါနိုနှင့် ရှမ်ရော့ရိုဗာအသင်းတို့ အနိမ့်ဆုံး အဆင့် ၁၆ နေရာ (Play-offs ကစားရပါက ဆီဒင်ရအဖြစ် သတ်မှတ်ခံရမည်) ရပ်တည်နိုင်ပြီဖြစ်သလို ကလပ်ဘရုဂေး၊ ဂျာဂီလိုနီးယား၊ ရက်ပစ်ဝီအန်၊ အေပိုးလ်နီကိုးရှား၊ ဒီဂျာဂါးဒန်း၊ ပါဖို့စ်၊ KAA ဂျန့်၊ အိုလင်ပီယာ၊ ဟိုင်းဟိုင်၊ ကိုပင်ဟေဂင်အသင်းတို့လည်း အနိမ့်ဆုံး Play-offs ကစားခွင့် အဆင့် ၂၄ နေရာ ရပ်တည်နိုင်ရန် သေချာသွားပြီဖြစ်ကြောင်း သိရသည်။ 

ပွဲစဉ် (၅) အပြီးတွင် ချယ်လ်ဆီး အသင်းက ၁၅ မှတ်၊ ဂီမာရေ့စ်အသင်းက ၁၃ မှတ်၊ ဖီအိုရင်တီးနား၊ လီဂီယာဝါဆောနှင့် လူဂါနိုအသင်းက ၁၂ မှတ်စီ၊ ရှမ်ရော့ရိုဗာ အသင်းက ၁၁ မှတ်၊ ကလပ်ဘရုဂေး၊ ဂျာဂီလိုနီးယား၊ ရက်ပစ်ဝီအန်၊ အေပိုးလ်နီကိုးရှား နှင့် ဒီဂျာဂါးဒန်းအသင်းက ၁၀ မှတ်စီ၊ ပါဖို့စ်၊ KAA ဂျန့်၊ အိုလင်ပီယာနှင့် ဟိုင်းဟိုင်အသင်းက ကိုးမှတ်စီ၊ ကိုပင်ဟေဂင်အသင်းက ရှစ်မှတ်ရရှိထားသည်။


READ NEXT
Cancel OK