မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီသည် အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ မတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းကို နည်းပြချုပ်နေရာ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး အမျိုးသားလက်ရွေးစင်ဖူဆယ်အသင်း နည်းပြချုပ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်ကို ပူးတွဲတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းကို ၂၀၂၂ ခုနှစ် မေလတွင်ကျင်းပသည့် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲနောက်ပိုင်း ယခုနှစ် အောက်တိုဘာမှ ပြန်လည်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်ကို တာဝန်ပေးအပ်ခဲ့သည်။ MFF သည် နိုဝင်ဘာတွင် ယှဉ်ပြိုင်သည့် ၂၀၂၄ အာဆီယံ အမျိုးသမီး ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအပြီးတွင် နည်းပြချုပ်နေရာ ပြောင်းလဲခဲ့ပြီး ဦးဌေးမြင့်နေရာတွင် ဘန်လက်ချာယိုဝန်ကို တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
MFF သည် နည်းပြချုပ် နေရာအပြောင်းအလဲနှင့်အတူ လက်ထောက် နည်းပြများကိုလည်း ပြောင်းလဲခဲ့သည်။ MFF သည် ထိုင်းနိုင်ငံသား နည်းပြချုပ် ဘန်လက်ချာယိုဝန်ကို မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် ၂၀၂၁ ခုနှစ်တွင် စတင်ခန့်အပ်ခဲ့ပြီး သုံးနှစ်ဝန်းကျင်ကာလအတွင်း ယူ-၁၉ လက်ရွေးစင်အမျိုး သားဖူဆယ်အသင်းနှင့် လက်ရွေးစင်အမျိုး သမီးဖူဆယ်အသင်းတို့ကိုပါ ပူးတွဲတာဝန်ပေးအပ်မှုများရှိခဲ့ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် အသင်းသည် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက် အထိ ရန်ကုန်မြို့၌ကျင်းပမည့် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဘန်လက်ချာယိုဝန် အနေဖြင့် ယင်းခြေစစ်ပွဲ ကိုင်တွယ်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲ တွင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအို အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ဘန်လက်ချာယိုဝန်အနေဖြင့် ခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးရမည်ဖြစ်သည်။
ခြေစစ်ပွဲကို ငါးသင်း သုံးအုပ်စုနှင့် လေးသင်း တစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိ ယနေရာရအသင်းများအနက် အကောင်းဆုံးတစ်သင်း ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲအတွက် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်စခန်းသွင်းကာ ဒီဇင်ဘာ ၁၆ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
