ဗစ်တိုးရီးယားပါလ်ဇန်နှင့်ပွဲတွင် အဖွင့် ဂိုးပေးခဲ့ရခြင်းအတွက် ဂိုးသမား အိုနာနာ၏အမှားကို အပြစ်မတင်သလို ပွဲအပြီးတွင် ဟွိုင်လန်းနှင့် ဒီယာလို စကားများခြင်းမှာလည်း ကောင်းမွန်သည့်လက္ခဏာဖြစ်ကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်မ်က သုံးသပ် ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်က ယှဉ်ပြိုင်ကစား သည့် ယူရိုပါလိဂ်ပွဲစဉ်တွင် မန်ယူအသင်းက ဗစ်တိုးရီးယားပါလ်ဇန်အသင်းအား အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၄၈ မိနစ်တွင် အိုနာနာ၏ လူပေးမှားမှုမှတစ်ဆင့် ဗီဒရာက အိမ်ရှင်အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူခဲ့ပြီး မန်ယူအသင်းအတွက် ချေပဂိုးနှင့် အနိုင်ဂိုးကို လူစားဝင်တိုက်စစ်မှူး ဟွိုင်လန်းက ၆၂၊ ၈၈ မိနစ်တွင် ပြန်လည်သွင်းယူပေးခဲ့သည်။ ပွဲအပြီးတွင် ဟွိုင်လန်းနှင့် ဒီယာလိုတို့ စကားများနေသဖြင့် လီဆန်ဒရိုမာတီနက်ဇ်က ဖျန်ဖြေခဲ့ရခြင်းအပေါ် အာမိုရင်မ် က ယခုလို မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
"ကျွန်တော့်အတွက်ကတော့ ဒါက ပြီးပြည့်စုံမှုပါပဲ။ ကျွန်တော်တို့အနေနဲ့ တစ်ခုခု ခံစားရဖို့ လိုအပ်တယ်။ ဒီအချိန်မှာ ကျွန်တော်တို့ တစ်ခုခုခံစားရဖို့ လိုအပ်တယ်။ ကျွန်တော်တို့ အချင်းချင်းတိုက်ပွဲဝင်နေဖို့ လိုအပ်တယ်ဆိုရင် ဒါက မိသားစုတစ်ခုလိုပါပဲ။ ကျွန်တော့် အတွက် ဒါက အရမ်းအရမ်းကောင်းတဲ့ လက္ခဏာပါ။ ကျွန်တော်တို့ တစ်ခုခုခံစားရဖို့ လိုအပ်ပြီး အဲဒါက အရေးကြီးပါတယ်။ ဒါက သူတို့အလေးထားလို့ဆိုတာ အသေအချာပါပဲ။ ခင်ဗျားဂရုမစိုက်ဘူးဆိုရင် ဘာမှလုပ်မှာ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် ဒါက အရမ်းကောင်းတဲ့ လက္ခဏာပါ။ အနိုင်ရပြီးချိန်မှာတောင် ခင်ဗျားက အသင်းဖော်နဲ့ တိုက်ပွဲဖြစ်နေတယ်ဆိုတာက နောက်ထပ်ဂိုးတွေသွင်းချင်နေလို့ပါ။ ဒါက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့နေ့ပါပဲ။ ပြိုင်ဘက်ကို ဒီလိုပုံစံနဲ့ ဂိုးပေးလိုက်ရပေမဲ့ လက်မလျှော့တာက အရေးကြီးပါတယ်။ ဒါက ကောင်းမွန်တဲ့ မက်ဆေ့ချ်ပါ" ဟု အာမိုရင်မ် က ပြောကြားခဲ့သည်။
မန်ယူအသင်းအနေဖြင့် ဥရောပပြိုင်ပွဲ အဝေးကွင်းပွဲစဉ်များတွင် ၂၀၂၃ ခုနှစ် မတ် လနောက်ပိုင်း နိုင်ပွဲပြန်ရခြင်းဖြစ်သလို အာမိုရင်မ် မှာလည်း ဆာမတ်ဘတ်စ်ဘီနှင့် ဆာအဲလက်စ်ဖာဂူဆန်တို့ပြီးလျှင် ပထမဆုံးကိုင် တွယ်ရသည့် မေဂျာဥရောပပွဲစဉ် နှစ်ပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်နိုင်သော တတိယမြောက် မန်ယူအသင်းနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
