ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး အမ်ဘာပေ၏ မုဒိမ်းမှုစွပ်စွဲချက်အတွက် စုံစမ်းစစ်ဆေးမှုကို အထောက်အထားမခိုင်လုံသဖြင့် ဆွီဒင်နိုင်ငံရှိ အစိုးရရှေ့နေများက ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင် အမ်ဘာပေသည် အောက်တိုဘာ နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့သို့သွားရောက်စဉ် ဟိုတယ်တစ်ခု၌ဖြစ်ပွားသည့် မုဒိမ်းမှု ဖြစ်စဉ်တွင်ပါဝင်သဖြင့် စုံစမ်းစစ်ဆေးခံနေရခြင်းဖြစ်သည်။
သို့သော် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးရန် အထောက်အထားမခိုင်လုံသဖြင့် စစ်ဆေးမှုကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆွီဒင်အစိုးရ ရှေ့နေအဖွဲ့က ထုတ်ပြန်ခဲ့သည်။
"စုံစမ်းစစ်ဆေးမှုလုပ်နေစဉ်ကာလအတွင်းမှာ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှု နှစ်ခုအတွက် ကျိုးကြောင်းဆီလျော်တဲ့ သံသယရှိသူကို သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အကဲဖြတ်သုံးသပ်မှုအရ သက်သေအထောက်အထားတွေ လုံလောက်မှုမရှိတာ ကြောင့် စုံစမ်းစစ်ဆေးမှုကို ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။ အဲဒီသတ်မှတ်ထားတဲ့သူကို ရာဇဝတ်မှုကျူးလွန်ခြင်းအတွက် သံသယရှိကြောင်း အကြောင်းကြားထားခြင်းမရှိသေးပါဘူး" ဟု စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ပြုလုပ်ခဲ့သူ မာရီနာချီရာကိုဗာက ပြောကြားခဲ့သည်။
အမ်ဘာပေ၏ ရှေ့နေဖြစ်သူနှင့် ကိုယ်စားလှယ်အဖွဲ့က အမှုပိတ်သိမ်းခြင်းအတွက် မှတ်ချက်ပေးခြင်းမရှိသေးသော်လည်း ကနဦးစွပ်စွဲချက်များထွက်ပေါ်စဉ်ကတည်းက လုံးဝမှားယွင်းပြီး ညစ်ညမ်းသည့် ကောလာဟလသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
