မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း ဇူလိုင်လ (၂၆) ရက် ညပိုင်းက တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပေါင်မြို့၊ ကဒါရပ်ကွက်မြို့သစ်ပိုင်း (ထန်းပင်ချောင် - ကဒါ) လမ်းဘေးရှိ မောင်ရွှေ (ခ) တာနစူး (၃၀) နှစ် ဆိုသူမှာ ငွေစက္ကူအတုများ သုံးစွဲနေကြောင်း သတင်းအရ သက်ဆိုင်ရာမှ ဇူလိုင် ၂၆ ရက် ည ၁၀ နာရီ ခန့်က ၎င်းနေအိမ်ခြံဝင်းအား ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့ရှိ ခရေပင်အရင်း၌ ကြွတ်ကြွတ်အိတ်အမဲရောင်ဖြင့် ထုတ်ပိုးသိုဝှက်ထားသော တစ်သောင်းကျပ်တန်ငွေစက္ကူအတု (၇၄) ရွက်အားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းနေအိမ်ခြံဝင်းနှင့် ကပ်လျက်တွင်နေထိုင်သည့် မောင်ရွှေ (ခ) တာနစူး ၏ ညီမဖြစ်သူ မလှလှရီ (ခ) သာကေစူး (၂၃) နှစ် ထံမှလည်း တစ်သောင်းကျပ်တန်ငွေစက္ကူအတု (၉) ရွက် ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်.
“မနေ့ (ဇူလိုင်လ (၂၆) ရက်) ညက ကဒါ - ထန်းပင်ချောင် လမ်းဘေးမှာရှိတဲ့ နေအိမ် (၂) လုံးကနေ တစ်သောင်းကျပ်တန်အတုတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ မောင်နှမနှစ်ယောက်လို့သိရတယ်။ စုစုပေါင်း တစ်သောင်းကျပ်တန်ငွေစက္ကူအတု (၈၃) ရွက် မိခဲ့တာပါ။ သူတို့ကို စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး က ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်ရွှေ (ခ) တာနစူး နှင့် မလှလှရီ (ခ) သာကေစူး တို့နှစ်ဦးအပေါ် ပေါင်မြို့မရဲစခန်းမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မများအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်က သထုံမြို့နယ်အတွင်း ငွေစက္ကူအတုများပြုလုပ်သုံးစွဲသူများအား ဖမ်းဆီးရမိခဲ့သည့်အပြင် ဇွန်လ (၂၀) ရက်ကလည်း မော်လမြိုင်မြို့တွင် တစ်သောင်းကျပ်တန်ငွေစက္ကူအတုလက်ဝယ်တွေ့ရှိသူများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
