Photo - CJ
မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက် ကျောင်းသစ်ရပ်တွင် ဇူလိုင် ၂၇ ရက် (ယနေ့) နံနက် ၉ နာရီခန့်က မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ မော်တော်ယာဉ်တစ်စီးပျက်စီး ခဲ့ကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
“မနက် (၉) နာရီလောက်မှာပေါက်ကွဲသံတစ်ခုကြားရတယ်။ မြို့မ (၂) ရပ်ကွက်၊ ကျောင်းသစ်ရပ်၊ ကျောင်းသစ်ဘုန်းကြီးကျောင်းအနီးမှာ မိုင်းပေါက်ကွဲတာလို့ သိရတယ်။ အမျိုးသားတစ်ယောက်ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့ကြားပါတယ်။ ကားတစ်စီပျက်ဆီးသွားတယ်လို့ ကြားသိရပါတယ်” ဟု မုဒုံမြို့ခံတစ်ဦးက ပြောကြားသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲဝင်များရောက်ရှိလာပြီး ရှာဖွေစစ်ဆေးခြင်းများလုပ်ဆောင်ခဲ့ကြောင်း နှင့် ဒဏ်ရာရရှိခဲ့သူအား မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။
မုဒုံမြို့အတွင်း ပြီးခဲ့သည့် မေလ (၂၂) ရက် မွန်းလွဲပိုင်းအချိန်ကလည်း အမှတ် (၄) ရပ်ကွက်၊ မော်လမြိုင် - သံဖြူဇရပ်ကားလမ်းဘေးရှိ ကောင်းထက်ကွန်ပြူတာမိတ္တူဆိုင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမင်းအောင်မြင့် တွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း မြို့ခံများ၏ပြောကြားချက်များအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
