မှော်ဘီမြို့နယ်တွင် ဓားဖြင့်ထိုးပြီး ဆိုင်ကယ်လုယက်သူအား အိမ်စီးကားတစ်စီးက ဝင်တိုက်ဖမ်းဆီးမှု ဇူလိုင် ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မှော်ဘီမြို့နယ် အမှတ် ၄ လမ်းမကြီး အင်းသုံးလုံးအမှတ် ၂ တံတားအနီး ဆိုင်ကယ်မောင်းနှင်လာသူလူငယ်တစ်ဦးအား ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးကာ ဆိုင်ကယ်ကိုလုယက်ခဲ့သည်ဟု မြို့မလူမှုကူညီရေးအသင်း(မှော်ဘီ)မှ စုံစမ်းသိရှိရသည်။
ဓားဖြင့်ထိုးကာ လုယက်နေသည်ကို လမ်းပေါ်တွင်သွားလာနေသည့် အိမ်စီးကားတစ်စီးကမြင်တွေ့ခဲ့ကြောင်း၊ ယင်းကြောင့် လုယက်ခံရသည့်ဆိုင်ကယ်ကို အိမ်စီးကားက နောက်မှဝင်တိုက်ကာ လုယက်သူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထပ်မံထွက်ပြေးသွားသည့် ဆိုင်ကယ်ကိုလည်း နောက်မှလိုက်ကာ ဖမ်းဆီးနိုင်ရန် ပြုလုပ်ခဲ့ကြောင်း အဆိုပါအသင်းကထုတ်ပြန်သည်။
ဖြစ်စဉ်မှ ဆိုင်ကယ်လုခံရသဖြင့် ဓားထိုးခံရသူနှင့် ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်လုယက်သူအားမြို့မလူမှုကူညီရေးအသင်း(မှော်ဘီ)မှ လူနာတင်ယာဉ်ဖြင့် မှော်ဘီဆေးရုံသို့ ပို့ဆောင်ထားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အသေးစိတ်နှင့်ပတ်သက်ပြီး လူမှုကူညီရေးအသင်း (မှော်ဘီ) ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
