Top News

ဖားကန်မြို့တွင် အမျိုးသားနှစ်ဦး ရေကန်အတွင်း ပြုတ်ကျ သေဆုံး
24htopnews | December 14, 2024 3:12 AM CST

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု၊မိုးကာကျေးရွာတွင် အမျိုးသားနှစ်ဦးသည်ဇွန်လ ၂၇ ရက် နံနက် ၉ နာရီခန့်က မြေစာလျှောကျသဖြင့် အမြင့် ပေ ၂၀၀ ဝန်းကျင် ကမ်းပါးမှ ရေကန်အတွင်းပြုတ်ကျကာ သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

သေဆုံးသူများမှာ ဆိပ်မူကျေးရွာမှ မောင်နော်နော်နှင့် မြစ်ကြီးနားမြို့မှ မောင်မာဒန် ဆိုသူနှစ်ဦးဖြစ်ပြီး မိုးကာကျေးရွာတွင် နေထိုင်ကာ ကျောက်စိမ်းတူးဖော်နေသူများဖြစ်ကြောင်းသိရသည်။ 

အခင်းဖြစ်ပွားရာသို့ သင်္ခါလူမှုကူညီရေးအသင်းနှင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ဖားကန့်)တို့ ပူးပေါင်း ဆယ်ယူခဲ့ရခြင်းဖြစ်ပြီး နေ့လည် ၁၂ နာရီနှင့်နေ့လည် တစ်နာရီခွဲအချိန်ခန့်တွင် ပျောက်ဆုံးနေသူများကို ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

 ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူ သင်္ခါလူမှုကူညီရေးအသင်းမှဦးစောဝင်းက '' မြေက အပေါ်က လျှောဆင်းလာတာ ။သုံးယောက်မှာ တစ်ယောက်လွှတ်တယ်။ နှစ်ယောက်က

ရေကန်ထဲကျသွားတာ။အမြင် ပေ ၂၀၀ လောက်မှာ ကမ်းပါးတွေနဲ့လည်း ဦးခေါင်းတွေ ခန္ဓာကိုတွေက ရိုက်မိတော့ ဒဏ်ရာတွေ ရကြတယ်။  အသက် ၃၀ နှင့် ၄၀ အရွယ် လူလတ်ပိုင်းတွေပေါ့။ကျနော်တို့က ရေကန်ထဲကနေ ချိတ်နဲချိတ်ပြီး ဆယ်ရတာ။ရေက ပေ ၅၀ လောက်ပဲ နက်မယ်''ဟု ဆိုသည်။

လက်ရှိတွင် ဖားကန့်ဒေသအခြေအနေမှာ ကုမ္ပဏီများအား တူးဖော်ခွင့် ရပ်ဆိုင်းထားသော်လည်းကျောက်စိိမ်းအထွက်ကောင်းသည့် နေရာအနှံအပြားတွင်  စက်ယန္တရားကြီး ငယ်တို့ဖြင့် ညစဉ်ခိုးထုတ်တူးဖော်နေ ကြဆဲဖြစ်သည်။

ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် အမြဲရှိနေပြီး ကျောက်စိမ်းလုပ်ကွက်များတွင် တရားမဝင် တနိုင်တစ်ပိုင်တူးဖော်ခြင်း၊မြေစာပုံများတွင်

 ရေမဆေးရှာခြင်း၊ ကျောက်စိမ်းတူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်းရှာဖွေခြင်းစသည့်လုပ်ငန်းများတွင် လုပ်ကိုင်နေပြီး မြေပြို့မှုကြောင့် လစဉ်မြေပြိုသေဆုံးမှုများ ရှိနေခြင်းဖြစ်သည်။

 

ထွန်းလင်းအောင်(မြစ်ကြီးနား)


READ NEXT
Cancel OK