Eleven Media Group ဝန်ထမ်းမိသားစု က ၀ါတွင်းကာလတွင် နှစ်စဉ်ပြုလုပ်နေကျ ဖြစ်သည့် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ခြင်းနှင့် စာချစာသင်တွင် ပျော်မွေ့တော်မူကြသည့် သံဃာတော်များအတွက် နေ့စဉ် ဆွမ်းနှင့်ဆွမ်းဟင်းကိစ္စ အခက်အခဲမရှိစေ ရန် ဆွမ်းဆန်အစရှိသည့် လှူဒါန်းဖွယ်ရာများ လှူဒါန်းခြင်းကို ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် ပိဋကသုံးပုံ နိကာယ်စာသင်တိုက်တွင် ဇူလိုင် ၂၇ ရက်က ပြုလုပ်ခဲ့သည်။
Eleven Media Group ဝန်ထမ်းမိသားစု က တောင်ဒဂုံမြို့နယ် ပိဋကသုံးပုံနိကာယ် စာ သင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ရွှေရတု တိပိဋကဓရ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာ ဂါ ရိက၊ မော်ကျွန်းဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာ ဘိဝံသ အရှင်သူမြတ်အမှူးပြုသော စာချ/စာသင်ပရိယတ္တိဝန်ဆောင် သံဃာတော်အပါး ၂၀၀ ဝန်းကျင်အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက် သွန်၊ ငရုတ်သီး၊ ငါးသေတ္တာ အစရှိသည့် လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုနှင့်ပတ်သက်ပြီး မော်ကျွန်းဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသက အနုမောဒနာတရား ချီးမြှင့်ခဲ့သည်။
Eleven Media Group ဝန်ထမ်းမိသားစု က ၀ါတွင်းကာလ အလှူတော်အဖြစ် သံဃာ တော်များ၏ နေ့စဉ် ဆွမ်းနှင့်ဆွမ်းဟင်းကိစ္စ အခက်အခဲမရှိစေရန် ၀ါဆိုသင်္ကန်းနှင့် ဆွမ်း ဆန် အစရှိသော လှူဒါန်းဖွယ်ရာများကို ဥပုသ်နေ့တိုင်း ဆက်ကပ်လှူဒါန်းနေခြင်းဖြစ် သည်။
၂၀၂၂ ခုနှစ် ဇူလိုင် ၁၂ ရက်က Eleven Media Group ရုံးချုပ်နှင့် ဧရာဝတီတိုင်း ဖျာ ပုံခရိုင် ဒေးဒရဲမြို့နယ် သကြားဟင်းအိုး ကျေး ရွာရှိ မုန်တိုင်းဒဏ်ခံ သဒ္ဓမ္မရံသီ အဆောက် အအုံ ဘုန်းတော်ကြီးကျောင်း၌ ၀ါဆိုသင်္ကန်း ဆပ်ကပ်ပူဇော်ပွဲပြုလုပ်ခဲ့သည်။
ထို့ပြင် ဇူလိုင် ၂၀ ရက်က မကွေးတိုင်း ဒေသကြီး စေတုတ္တရာမြို့နယ် ပွင့်တောက် ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် Eleven Media Group ဝန်ထမ်းမိသားစု၏ ၀ါတွင်းကာလ ပဥ္စမအကြိမ်မြောက် အလှူ တော်အဖြစ် ၀ါဆိုသင်္ကန်းနှင့် ဆွမ်းဆန် အစ ရှိသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
၀ါဆိုသင်္ကန်းကပ်အလှူတော်တွင် ပွင့် တောက်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာ များမှ သံဃာတော်များအား ၀ါဆိုသင်္ကန်းကပ် လှူပူဇော်ခဲ့ပြီး ဒေသခံများကို စားသောက်ဖွယ် ရာများ လှူဒါန်းကျွေးမွေးခဲ့သည်။
၂၀၁၅ ခုနှစ်က မိုးသည်းထန်စွာ ရွာ သွန်းမှုနှင့် မုန်းချောင်း ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ခဲ့ရသည့် ပွင့်တောက် ကျေးရွာ ရွာဦးကျောင်းတွင် သံဃာတော်များ နှင့် ကျေးရွာနေပြည်သူများအတွက် သဘာဝ ဘေးအန္တရာယ် ထပ်မံကြုံတွေ့လာရပါက လေမိုးလုံစွာနေထိုင်နိုင်ရန် ရည်ရွယ်ပြီး ကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိ သံကူကွန်ကရစ် ဘုန်း တော်ကြီးကျောင်းကို တည်ဆောက်လှူဒါန်း ထားခြင်းဖြစ်သည်။
ထို့ပြင် Eleven Media Group မိသားစု က ကြေးဆင်းတုတော်တစ်ဆူနှင့် ပလ္လင်တော် အပါအဝင် နှစ်ကျိပ်ရှစ်ဆူဘုရားများနှင့် သိမ် တော်တစ်ဆောင်ကိုလည်း လှူဒါန်းထား ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
