မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တပ်ကုန်းကျေးရွာကို အကြမ်းဖက်အဖွဲ့များက လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်၍ မီးရှို့မှုကြောင့် ခုနစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။
ဇူလိုင်၂၆ ရက် နံနက် ၆ နာရီကျော်တွင် ပေါက်မြို့နယ် တပ်ကုန်းကျေးရွာအား အကြမ်းဖက်အဖွဲ့အင်အား ၃၀၀ ခန့်က ကျေးရွာ၏တောင်ဘက် မီတာ ၄၀၀ ခန့်အကွာမှ လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က အဆိုပါနေရာသို့ ဝန်ခြုံး-ပင်တောင်-တပ်ကုန်း-ကိုင်းလယ်လမ်းအတိုင်း ထွက်ခွာလာစဉ် တပ်ကုန်းကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀ ခန့်တွင် အကြမ်းဖက်အဖွဲ့များက ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် စမ်းရေခုံကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်ကုန်းကျေးရွာသို့ သွားရောက်စစ်ဆေးရာတွင် မီးရှို့ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာရှိ လူနေအိမ် ၄၁ လုံးခန့် မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိရပြီး အဆိုပါကျေးရွာ ကာကွယ်ရေးအဖွဲ့ဝင်များဖြစ်သည့် ဦးစန်းမင်းအောင်(၃၃)နှစ်၊ ဦးတင်မောင်ဝင်း(၃၇)နှစ်နှင့် ဒေါ်ခင်မြင့်စိုး(၅၀)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့်လည်းကောင်း၊ ဦးဝင်းအေး(၃၅)နှစ်၊ ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းကြည် (၃၄)နှစ်၊ သမီးဖြစ်သူ မသုန်နဒီမိုး(၁၂)နှစ်နှင့် သားဖြစ်သူ ဉာဏ်လင်းအောင် ခုနစ်နှစ်တို့တွင် မီးလောင်ဒဏ်ရာများဖြင့်လည်းကောင်း အသီးသီးသေဆုံးနေပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ကိုပြည်စုံအောင်(၂၁)နှစ်တွင် ယာနားရွက်ကျည်ထိမှန် ဒဏ်ရာရရှိ ထားသည်ကို တွေ့ရှိရသဖြင့် ပေါက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖြစ်စဉ်တွင် အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ် ၄၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးသည့်အတွက် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
