Top News

ပြည်ထောင်စုဝန်ကြီးအချို့နှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီး တွေ့ဆုံပြီး နှစ်နိုင်ငံရေးဆက်ဆံရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေး
24htopnews | December 14, 2024 3:12 AM CST

ပြည်ထောင်စုဝန်ကြီးအချို့နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံရေးဆက်ဆံရေး၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကိစ္စနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Vinay Kumar တို့ ဇူလိုင် ၂၆ ရက် နံနက် ၁၁ နာရီက တွေ့ဆုံပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့သည်။

ထို့အတူ ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းဆိုင်ရာကိစ္စ၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကဏ္ဍအလိုက် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထို့ပြင် ယင်းနေ့ ညနေ ၃ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်  အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများတွင် နေထိုင်သည့် တိုင်းရင်းသားများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံတို့ပူးပေါင်း၍ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအရ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် အိန္ဒိယနိုင်ငံ၏ ကူညီမှုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၏ အောင်မြင်ဖြစ်ထွန်းမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK