ရှမ်းပြည်နယ်၊ မိုင်းပြင်းမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်းတွင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှ သိရသည်။
ဇူလိုင် ၂၆ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၄၆ မိနစ် ၄၂ စက္ကန့်အချိန်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်ဘက် ၃၁ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မိုင်းပြင်းမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၂၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒသမ ၁၀ ဒီဂရီ၊ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
ထို့ပြင် ဇူလိုင် ၂၆ ရက် ညနေ ၆ နာရီ ၊ ၂၁ မိနစ်၊ ၃၈ စက္ကန့်တွင် ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင်(၈၀) ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (မိုင်းရှူးမြို့၏ တောင်ဘက် (၁၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၆၄) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၄၀) ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလက ထုတ်ပြန်ထားချက်အရ သိရသည်။
ဇူလိုင် ၂၁ ရက် ညပိုင်းကလည်း ကျိုင်းတုံမြို့အနီး အင်အားပြင်းငလျင်နှင့် အင်အားအသင့်အတင့်ရှိ ငလျင် နှစ်ကြိမ် ဆက်တိုက်လှုပ်ရှားသွားကြောင်း၊ ငလျင်နှစ်ခုမှာ မိနစ်ပိုင်းသာခြားပြီး ဆက်တိုက်လှုပ်ရှားသွားခြင်းဖြစ်ကြောင်း မိုးဇလမှ သိရသည်။
အဆိုပါငလျင်သည် တောင်ကြီးခရိုင်တွင်းရှိ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ကလောမြို့နယ်၊ ဖယ်ခုံမြို့နယ်တို့တွင်သာမက လွိုင်လင်ခရိုင်တွင်းရှိ လွိုင်လင်၊ ပင်လုံ၊ မိုင်းကိုင်၊ လဲချား၊ ကျေးသီး၊ လင်းခေး တို့တွင်ပါ လှုပ်ခတ်မှု ရှိခဲ့သည်။
ယင်းငလျင်လှုပ်ခတ်မှုကြောင့် ကျိုင်းတုံမြို့၊ အထက(၄) ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ အခန်းတစ်ခန်း၏ အိမ်နံရံ ပြိုကျခဲ့ပြီး လူသူထိခိုက်မှု မရှိကြောင်း၊ အချို့ နေရာများတွင် စင်ပေါ်မှ တီဗွီ ပြုတ်ကျကွဲခြင်း၊ အိမ်များ အုတ်နံရံ အက်ကွဲသွားခြင်းတို့ အနည်းငယ် ထိခိုက်ခဲ့ရကြောင်း၊ ကျိုင်းတုံမှ မိုင်းလား သွားလမ်းရှိ ကတ်ဖအုပ်စု ၊ နောင်ဖာကျေးရွာတွင်လည်း အုတ်နံရံအချို့ ပြိုကျခဲ့ရကြောင်း သိရသည်။
ဇူလိုင် ၁ ရက်မှ ၈ ရက်အထိလည်း ရန်ကုန်အပါအဝင် ပြည်တွင်း၌ ၁၁ ကြိမ်အထိ ငလျင်လှုပ်ခတ်ခဲ့ပြီး တစ်ရက်တည်းတွင် သုံးကြိမ်ထိ လှုပ်ခတ်မှုများလည်းရှိကြောင်း မိုးဇလမှ သိရသည်။
ဇူလိုင် ၈ ရက် မြန်မာစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ညောင်ဦးမြို့၏ အနောက်-အနောက်တောင်ဘက် ကိုးမိုင်ခန့်အကွာကို ဗဟိုပြု၍ လည်းကောင်း၊ နံနက် ၃ နာရီခွဲခန့်တွင် ဖြူးမြို့၏ တောင်-အရှေ့တောင်ဘက် ၁၈ မိုင်ခန့်အကွာကို ဗဟိုပြု၍လည်းကောင်း အင်အားအနည်းငယ်ရှိသော မြေငလျင်များ လှုပ်ရှားသွားကြောင်း သိရသည်။
ဇူလိုင် ၇ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီခန့်တွင် လင်းခေးမြို့၏ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍လည်းကောင်း၊ နေ့လယ် ၁၁ နာရီခွဲခန့်တွင် နမ့်စန်မြို့၏ အရှေ့-အရှေ့မြောက်ဘက် ခြောက်မိုင် ခန့်အကွာကို ဗဟိုပြု၍လည်းကောင်း၊ ညနေ ၅ နာရီခွဲခန့်တွင် ဂွမြို့၏ မြောက်-အရှေ့မြောက်ဘက် ကိုးမိုင်ခန့်အကွာကို ဗဟိုပြု၍လည်းကောင်း အင်အားအနည်းငယ်ရှိသော မြေငလျင်များ လှုပ်ရှားသွားကြောင်း သိရသည်။
ဇူလိုင် ၆ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီခန့်တွင် နမ့်စန်မြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် ခြောက်မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (နမ့်စန်မြို့၏ မြောက်ဘက် ငါးမိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၉၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၇၂ ဒီဂရီ၊ အနက် ရှစ်ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးဇလမှ သိရသည်။
ဇူလိုင် ၅ ရက် မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲခန့်တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်အကွာကို ဗဟိုပြု၍လည်းကောင်း၊ ည ၁၁ နာရီခန့်တွင် သရက်မြို့၏ တောင်-အရှေ့တောင်ဘက် ၁၁ မိုင်ခန့်အကွာကို ဗဟိုပြု၍လည်းကောင်း အင်အားအနည်းငယ်ရှိသော မြေငလျင်များ လှုပ်ရှားသွားကြောင်း သိရသည်။
အဆိုပါ ဇူလိုင် ၅ ရက် နံနက်ပိုင်း လှုပ်ခတ်ခဲ့သည့် ငလျင်လှုပ်ခတ်မှုတွင် ရန်ကုန်မြို့နေ ပြည်သူအများစု ခံစားခဲ့ရပြီး မြောက်ဒဂုံ၊ မြောက်ဥက္ကလာ၊ စမ်းချောင်းအစရှိသည့်မြို့နယ်များတွင် ငလျင်လှုပ်သည့်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
