Top News

သြဂုတ် ၁ ရက်မှစ၍ တရားမမှုများအား တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ထုတ်ပြန်
24htopnews | December 14, 2024 3:12 AM CST

သြဂုတ် ၁ ရက်မှစ၍ တရားမမှုများအား တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ဇူလိုင် ၂၅ ရက်တွင် ပြည်ထောင်စုတရားသူကြီးချုပ်ရုံးက အသိပေးထုတ်ပြန်ထားသည်။

၂၀၂၂ခုနှစ် ဩဂုတ် ၁ ရက်မှစ၍ နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများတွင် စွဲဆိုသည့် တရားမမှုများနှင့်စပ်လျဉ်း၍ တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်ထောင်စုတရားသူကြီးချုပ်ရုံးက အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

ဇူလိုင် ၂၅ ရက်တွင် တရားမအထူးအယူခံမှု ငါးမှုအား ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

ထိုသို့ကြားနာတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၁၀/၂၀၂၀ (မန္တလေး)၊ ၂၈/ ၂၀၂၁ (ရန်ကုန်)၊ ၃၀/ ၂၀၂၁ (မကွေး)၊ ၃၂/ ၂၀၂၁ (မန္တလေး)နှင့် ၂၀/၂၀၂၂ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု ငါးမှုကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK