မဟာဓာတ်အားလိုင်းများနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း ၁၁၂၀ မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိခြင်းကြောင့် ဓာတ်အားပြတ်တောက်မှုအပေါ် နားလည်ပေးရန် ဇူလိုင် ၂၆ ရက်ညပိုင်းတွင် လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်၌ ပုံမှန်အချိန်တွင် အမြင့်ဆုံးဓာတ်အားထုတ်လုပ်နိုင်မှုသည် (၄၂၀၀) မဂ္ဂါဝပ်ခန့်ရှိသော်လည်း LNG ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု (၇၅၀)မဂ္ဂါဝပ်ခန့်မှာ ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်နေသဖြင့် ရပ်တန့်ထားရခြင်း၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ပို့လွှတ်လျက်ရှိသည့် ဓာတ်အားလိုင်း နှစ်လိုင်းမှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားစနစ်သို့ ပုံမှန်ပို့လွှတ်လျက်ရှိသည့် (၁၇၀) မဂ္ဂါဝပ်ခန့်မှာ ပို့လွှတ်နိုင်ခြင်းမရှိဘဲ ဓာတ်အားပြတ်တောက်လျက်ရှိ၍ စုစုပေါင်းဓာတ်အားထုတ်လုပ်နိုင်မှု (၉၂၀) မဂ္ဂါဝပ်ခန့်မှာ လျော့နည်းလျက်ရှိသော်လည်း ယခုကာလတွင် မိုးရာသီရောက်ရှိပြီဖြစ်သဖြင့် ဓာတ်အားသုံးစွဲမှုလျော့ကျခြင်းနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဆည်ရေရရှိမှု တိုးမြင့်လာမှုများကြောင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို သုံးစွဲသူများ စဉ်ဆက်မပြတ်ရရှိရေး ဓာတ်အားစနစ်အား ထိန်းညှိမောင်းနှင်၍ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဇူလိုင် ၂၁ ရက်၌ ဇောတိကဓာတ်ငွေ့ပိုက်လိုင်းမှာ မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ၎င်းဓာတ်ငွေ့ရယူ သုံးစွဲလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားပမာဏ (၂၀၀)မဂ္ဂါဝပ်ခန့်မှာ ဓာတ်အားစနစ်အတွင်းသို့ ပို့လွှတ်နိုင်မှုမရှိခြင်းနှင့် အထက်ပိုင်းဓာတ်အားစနစ်အတွင်းရှိ ၁၃၂ ကေဗွီ ရွှေစာရံ-တံခွန်တိုင် ဓာတ်အားလိုင်းတာဝါတိုင်၏ မူလီများဖြုတ်ယူ၍ ပြိုလဲအောင်ဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားလိုင်းတာဝါတိုင် နှစ်တိုင် လဲကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ခြင်း စသည်များကြောင့် ဇူလိုင် ၂၄ ရက်တွင် ဝန်အားသုံးစွဲမှုနှင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်မှုအခြေအနေများအရ ဓာတ်အားစနစ်အတွင်း တည်ငြိမ်မှုလျော့နည်းကာ ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရကြောင်း ပါရှိသည်။
ယင်းအပြင် ဇူလိုင် ၂၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ၁၃၂ ကေဗွီ တီကျစ်-ကလော ဓာတ်အားလိုင်းမှာ ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့သလို ၂၃၀ ကေဗွီ ရွှေစာရံ-အောင်ပင်လယ် ဓာတ်အားလိုင်းမှာလည်း ထပ်မံ၍ ဓာတ်အားပြတ်တောက်ခဲ့သဖြင့် ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း (၁၁၂၀)မဂ္ဂါဝပ်ခန့် လျော့နည်းလျက်ရှိသဖြင့် ဓာတ်အားစနစ်တည်ငြိမ်မှုလျော့ကျကာ ညနေ ၃ နာရီခွဲခန့်တွင် ဓာတ်အားပြတ်တောက်မှု ထပ်မံဖြစ်ပေါ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယင်းအတွက်ကြောင့် ဓာတ်အားပို့လွှတ်လျက်ရှိသည့် မဟာဓာတ်အားလိုင်းများနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရသည့်အပေါ် ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ပြည်သူလူထုနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်ပေးခြင်းနှင့် ဓာတ်အားပို့လွှတ်၊ ဖြန့်ဖြူးပေးခြင်းများကို စဉ်ဆက်မပြတ် ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်လျက်ရှိသကဲ့သို့ တိုးတက်သုံးစွဲလာသည့် ဓာတ်အားသုံးစွဲမှုများအတွက်လည်း တိုးတက်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
