ကရင်နီလူမျိုးစုလူငယ် ဦးဆောင်ကော်မတီက ဦးဆောင်၍ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KySDP) နှင့် ကယန်းအမျိုးသားပါတီ( KNP) တံဆိပ်ပါ မီးပုံပျံများအား ယနေ့( အောက်တိုဘာ ၃၁ ရက်) သီတင်းကျွတ်လပြည့်ညတွင် ငွေတောင်ဆည် ကန်ရေပြင်တွင် လွှင့်တင်ရာ သက်ဆိုင်ရာမှ လူစုခွဲခဲ့သည်ဟုသိရသည် ။
လူငယ်အင်အား ၅၀ ခန့်က လပြည့်နေ့အထိမ်းအမှတ်အဖြစ် မီးပုံပျံငယ် ၄၀၀ အား ပထမပိုင်းတွင် ငွေတောင်ဆည်ဘောင်မှ လွှင့်တင်မည်ပြုရာ အာဏာပိုင်များက ခွင့်မပြုနိုင်ကြောင်း ပြောဆိုသဖြင့် ငွေတောင်ဆည် ကန်ရေပြင်မြက်ခင်းပေါ်တွင်လွှင့်တင်ကြရာ ဒီးမော့ဆိုမြို့နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လာရောက်တားမြစ်သဖြင့် လူစုခွဲလိုက်ရကြောင်းသိရသည်။
'' ဟိုဘက်မှာတော့လုပ်လို့မရလို့ ဒီဘက်မှာ လူအယောက် ၅၀ နဲ့ကယန်းအမျိုးသားပါတီနဲ့ KySDP ကိုဝန်းရံသူတွေလာလုပ်ကြတာပါ ''ဟု ကရင်နီလူငယ် ခေါင်းဆောင်တစ်ဦးဖြစ်သော ခွန်းသောမတ်စ်ကပြောကြားသည် ။
ကရင်နီ လူမျိုးစု လူငယ်ဦးဆောင်ကော်မတီတွင် ကယား ၊ ကယန်း၊ ကယော၊ ကော်ယော်၊ မနုမနော၊ ဂေခိုဂေဘား၊ ယင်းတလဲ နှင့်ကရင် လူမျိုးများပါဝင်ကြပြီး ပြည်နယ်တွင်း နိုင်ငံရေး ငြိမ်းချမ်းရေး ဖွံ့ဖြိုးရေးဖြစ်စဉ်များတွင်လည်း ဝင်ရောက်ကူညီပေးကြသူများဖြစ်သည့်အပြင် ၂၀၁၅ ရွေးကောက်ပွဲကာလတွင် NLD ပါတီအတွက် အဖက်ဖက်မှဝန်းရံကူညီပေးခဲ့ကြသူများဖြစ်ကြောင်းလည်းသိရသည် ။
ဒီးမော့ဆိုမြို့နယ်တွင် မဟာမိတ်ပါတီများဖြစ်သည့် KySDP နှင့် KNP ပါတီတို့မှာ မဲဆန္ဒနယ် ခြောက်နေရာတွင် ကယန်းအမျိုးသားပါတီ (KNP)က နှစ်နေရာနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ( KySDP)က လေးနေရာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ တောင်ယာလုပ်ငန်းကိုသာ အဓိကထားလုပ်ကိုင်ကြသည့်ဌာနေတိုင်းရင်းသား ကယားနှင့်ကယန်းလူမျိုးများအများဆုံးနေထိုင်ပြီးလူဦးရေ ခုနှစ်သောင်းခန့်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၆၃၉၁ ဦးရှိသည့်နယ်မြေဖြစ်ကြောင်းသိရသည် ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
