Top News

ကြိုတင်ဆန္ဒမဲပေးကာလတွင် မြဝတီမြို့ရှိ သက်ကြီးရွယ်အိုများဆန္ဒမဲပေးနိုင်ရန် ရပ်ကွက်ကော်မရှင်ရုံးက အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး
24htopnews | December 14, 2024 12:12 AM CST

ကြိုတင်ဆန္ဒမဲပေးကာလအတွင်း မြဝတီမြို့ရှိ သက်ကြီးရွယ်အိုများ ဆန္ဒမဲပေးနိုင်ရန် ရပ်ကွက်ကော်မရှင်ရုံးက အိမ်တိုင်ရာရောက် သွားရောက်ဆောင်ရွက်လျက်ရှိပြီး Lockdown ချ ဧရိယာများကိုလည်း ကွင်းဆင်းဆောင်ရွက်သွားမည်ဟု သိရသည်။

မြဝတီမြို့နေ အသက် ၆၀ ကျော်အရွယ်ရှိ ဦးမောင်မြင့်က မသွားမလာနိုင်သော်လည်း အိမ်တိုင်ရာရောက် ဆောင်ရွက်ပေး၍ မဲပေးရသည့်အတွက် ဝမ်းသာကြောင်း ပြောကြားသည်။

“ပျော်တာပေါ့နော်။ ကိုယ်က မသွားလာနိုင်တော့ဘူးမလား။ အသက်က ကြီးပြီးမလား၊ နိုင်ငံသူနိုင်ငံသားအတွက် ဆင်းရဲချမ်းသာမရွေး ပြည်သူ့အကျိုးအတွက် ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်မျိုးကို လိုချင်တယ်။ ကိုယ်ကျိုးမငဲ့ဘဲ လုပ်ဆောင်တဲ့လူမျိုးပေါ့။ ကိုယ်လည်း အရန်မီးသတ်မှာ ကိုယ်ကျိုးမငဲ့ဘဲလုပ်ခဲ့တာ။ ကျွန်တော့်လိုမျိုး ကိုယ်ကျိုးမဖက်တဲ့ ပုဂ္ဂိုလ်ကိုပဲ ရွေးပြီး မဲထည့်ခဲ့တယ်။ ကိုယ်ကျိုးမကြည့်တဲ့ ပုဂ္ဂိုလ်မျိုးပဲ လိုချင်တယ်။ မြဝတီမြို့ရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းမှစ၍ ကြိုတင်မဲများစတင်ပေးလျက်ရှိရာ လေးရက်အတွင်း ကြိုတင်မဲထည့်ပြီးသူ ၈၄၄၂ ဦးရှိကြောင်း သိရသည်။

၎င်းတို့ထဲတွင် အသက် ၆၀ ကျော်ပြီး နာမကျန်းဖြစ်ကာ မသွားလာနိုင်သော အဘိုး အဘွား ၄၀ ခန့် ဆန္ဒမဲပေးခဲ့ကြောင်း၊ ရပ်ကွက် (၃) ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ကျော်က ပြောကြားသည်။ ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

“မြဝတီမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်နဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ကြိုတင်မဲပေးခြင်းကို လက်ခံဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကြိုတင်မဲပေးဖို့ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများအတွက် ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး ရွေးကောက်ပွဲအတွက် မဲရုံအသီးသီးမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဝန်ထမ်းတွေ Volunteer တွေ၊ ကျန်းမာရေးမကောင်းသူတွေ ရွေးကောက်ပွဲရက်မတိုင်မီ မဖြစ်မနေ ခရီးသွားကြရမယ့်သူတွေ အချုပ်ခန်းအသီးသီးမှာ အချုပ်ကျပြီး အမှုရင်ဆိုင်နေရသူတွေနဲ့ COVID-19 ရောဂါကြောင့် Quarantine Center များမှာ စခန်းဝင်နေသူတွေ Stay at Home အသွားအလာ ကန့်သတ်ထားသူတွေအနေနဲ့လည်း ကြိုတင်မဲပေးနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးနေပါတယ်။ အလားတူပဲ ဆေးရုံတက်နေသူများ၊ မသန်စွမ်းသူများနဲ့ မဲရုံကိုမလာရောက်နိုင်ကြတဲ့ အဘိုးအဘွားများကိုလည်း တာဝန်ရှိသူမဲရုံကိုယ်စားလှယ်များက အိမ်တိုင်ရာရောက် ကြိုတင်မဲထည့်နိုင်ရေး ဆောင်ရွက်ပေးနေပါတယ်” ဟု အမှတ် (၄) ရပ်ကွက် ရပ်ကွက်ကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမင်းသူရက ဆိုသည်။

 


READ NEXT
Cancel OK