Top News

တစ်နိုင်ငံလုံးရှိ Quarantine နေရာ ၅၈၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၅၅၀၀၀ ကျော်ရှိပြီး ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးက လူဦးရေအများဆုံးဖြစ်နေ
24htopnews | December 14, 2024 12:12 AM CST

တစ်နိုင်ငံလုံးရှိ Quarantine နေရာ ၅၈၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၅၅၀၀၀ ကျော်ရှိပြီး ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီးက လူဦးရေအများဆုံးဖြစ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ Quarantine နေရာ ၃၃ဝကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၁၀၀၀ ကျော်၊ ပဲခူးတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၀၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၈၃၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၃၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၃၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၄၆၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၂၉၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ Quarantine နေရာ ၈၃၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၃၅၀၀ ကျော်၊ ကချင်ပြည်နယ်ရှိ Quarantine နေရာ၂၆၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၂၄၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၃၁၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၂၆၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၂၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၈၀၀ ကျော်၊ ရခိုင်ပြည်နယ်ရှိ Quarantine နေရာ ၂၉၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၆၀၀ ကျော်၊ ရှမ်း (တောင်ပိုင်း) ရှိ Quarantine နေရာ ၁၁၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၉၀၀ ကျော်၊ တနင်္သာရီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၅၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၂၀၀ ကျော်၊ မွန်ပြည်နယ်ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၃၀၀ ကျော်၊  ရှမ်း (မြောက်ပိုင်း)ရှိ Quarantine နေရာ ၄၁၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၈၁၀ ကျော်၊ နေပြည်တော်ရှိ Quarantine နေရာ ကိုးခုတွင် အသွားအလာကန့်သတ်ထားသူ ၁၁၀၀ ကျော်၊ ရှမ်း (အရှေ့) ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၄၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၂၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၈၀၀ ကျော်၊ ချင်းပြည်နယ်ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၈၀ ကျော်ရှိကြောင်း သိရသည်။

အထွေထွေရွေးကောက်ပွဲ ပြုလုပ်သည့်နေ့တွင် Quarantine ခံထားရသူများ၊ ဆေးရုံများ၌ ဆေးကုသနေသူများ၊ မိမိနေထိုင်ရာဒေသ ပြင်ပရောက် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စီစဉ်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် လူနာများ၊ COVID-19 ကုသရေးဌာနများနှင့် ဆေးရုံများတွင် တာဝန်ကျနေသော ကျန်းမာရေးဝန်ထမ်းများ၊ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ သေချာစေရေးဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ COVID-19 ကူးစက်မှုမရှိစေဘဲ ဘေးကင်းစိတ်ချမ်းသာစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရေးဆွဲခဲ့ပြီးဖြစ်၍ လက်တွေ့သရုပ်ပြခြင်းနှင့် သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း လမ်းညွှန်များနှင့်အညီ မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြခြင်းကို နှစ်ကြိမ်ကြည့်ရှုခဲ့ရာတွင် မဲရုံသို့ မဝင်ရောက်မီ တန်းစီချိန်မှစ၍ ဝင်ရောက်ပြီး အဆင့်ဆင့်သော ဆန္ဒမဲပေးမှုများနှင့်မဲရုံမှ ပြန်လည်ထွက်ခွာသည်အထိ အဆင့်ဆင့်ကို အသေးစိတ်ကြည့်ရှုခဲ့ကာ လမ်းညွှန်ချက်များနှင့် အကြံပြုချက်များ ပေးအပ်ခဲ့ကြောင်း၊ အဆိုပါအချက်များကို မိမိတို့တိကျစွာ လိုက်နာပြင်ဆင်ကာ ဆန္ဒမဲပေးရာတွင် ရောဂါကူးစက်မှု အလားအလာမရှိသလောက် နည်းပါးစေရန် ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို ပြောကြားသည်။


READ NEXT
Cancel OK