မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်၊ နယ်မြေ (၈) ရှိအိမ်ထောင်စုများမှ လူဦးရေ ၇၄ ဦးအား Swab ယူကာ COVID-19 ပိုး ရှိ မရှိ စစ်ဆေးနေစဉ်
မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက်၊ နယ်မြေ (၈) အတွင်းရှိ အိမ်ခြေ ၅၀ ကျော်၊ အိမ်ထောင်စု ၈၀ လူဦးရေ ၃၄၀ ဝန်းကျင်မှ လူဦးရေ ၇၄ ဦးအား COVID-19 ပိုးရှိမရှိ စစ်ဆေးမှုအား နိုဝင်ဘာ ၂ ရက် မွန်းလွဲပိုင်း တွင် ကျန်းမာရေး တာဝန်ရှိသူများက စတင်စစ်ဆေးခဲ့ကြောင်း သိရှိရပြီး အဆိုပါSwab များအား မန္တလေးမြို့သို့ ပို့ဆောင်စစ်ဆေးမည်ဖြစ်ပြီး COVID-19 ပိုး ရှိ မရှိ အဖြေအား နိုဝင်ဘာ ၃ ရက် ညပိုင်းတွင် သိရှိရမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“အောင်ဇေယျာနယ်မြေ (၈) အနောက်ပိုင်း အိမ်ခြေ (၈၀) ရှိတဲ့ အထဲကနေ တစ်အိမ်ထောင် တစ်ယောက်နှုန်းလောက်နဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူမှာပါ၊ ကျွန်တော်တို့ နယ်မြေ (၈) ထဲက နေရာအချို့ကို Lockdown ချတာ ၂၈ ရက်နေ့က စပါတယ်။ ဒီနေ့ နိုဝင်ဘာ ၂ ရက်နေ့ဆိုတော့ ခုနစ်ရက်လောက် ရှိပါပြီ။ စားဝတ်နေရေးက ဖူလုံပါတယ်။ အလှူရှင်တွေ လှူတာကို မျှဝေပေးနေပါတယ်၊ ရေသန့်လည်း အမြဲတမ်း လှူကြပါတယ်” ဟု မိတ္ထီလာမြို့၊ အောင်ဇေယျာရပ်ကွက် နေထိုင်သူတစ်ဦးက ပြောကြားသည်။
“အောင်ဇေယျာနယ်မြေက ပုလဲစျေးကို ကျွန်တော်တို့ ၁၁ ရက်ပိတ်ထားပါတယ်၊ ဘာလို့ပိတ်လဲဆိုတော့ အောင်ဇေယျာနယ်မြေ (၈) မှာ အတည်ပြုလူနာ ၁၀ ယောက်ထိ တွေ့ခဲ့ပါတယ်၊ အဲ့ဒါကြောင့် အောင်ဇေယျာနယ်မြေ ပုလဲစျေးက နယ်မြေ (၈) နဲ့ အနီးမှာ ရှိတဲ့အတွက် အဆက်အစပ် ထိတွေ့ကို ရှောင်လွှဲနိုင်ဖို့ နယ်မြေ (၈) နားမှာရှိတဲ့ ပုလဲစျေးကို ပိတ်လိုက်တာပါ” ဟု မိတ္တီလာမြို့၊ စည်ပင်သာယာရေး ကော်မတီမှ အဖွဲ့ဝင် ဦးအောင်ကြိုင်က ပြောကြားသည်။
မိတ္ထီလာခရိုင် အထွေထွေရောဂါကု ဆေးရုံကြီးနှင့် အထက (၄) ကုသဆောင်တို့တွင် COVID-19 အတည်ပြုလူနာ ၃၃ ဦး တက်ရောက် ကုသလျက်ရှိပြီး အဆိုပါ လူနာများအပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းတွင် နိုဝင်ဘာ ၁ ရက် ညပိုင်းအထိ အတည်ပြုလူနာ ၅၃၄၀၅ ဦး၊ ရောဂါသက်သာ ပျောက်ကင်းသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ ၃၄၁၈၉ ဦးနှင့် သေဆုံးသူ ၁၂၅၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပြီး မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ်အချို့အား Stay Home မြို့နယ်များအဖြစ် သတ်မှတ်ကြေညာကာ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
