ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အထိမ်းအမှတ် ကျောက်စာတိုင် ငါးနေရာ စိုက်ထူမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် သတ်မှတ်ခံရပြီး ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်သည်နှင့် လျော်ညီစွာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသ ဆိုင်းဘုတ် (Logo) စိုက်ထူနိုင်ရေးအတွက် ကွင်းဆင်းစိစစ်၍ မြေနေရာခုနစ်နေရာကို ရွေးချယ်လျာထားခဲ့ပြီး ထိုရွေးချယ်လျာထား သည့် မြေနေရာခုနစ်နေရာကို သြဂုတ် ၆ ရက် တွင် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ အစည်းအဝေးတွင် မြေနေရာ အတည်ပြုပေးရန် တင်ပြခဲ့ရာ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုနေရာများကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ နေရာငါးခုက သရပါ၊ ငါးမျက်နှာဘုရားအနီး (ခေမင်္ဂဘုရားစုရှေ့)၊ ရွှေစည်းခုံ၊ ဓမ္မရံကြီးအရှေ့ဘက်၊ မင်းနန်းသူ နေရာငါးနေရာမှာ စိုက်ထူပါမယ်။ ရည်ရွယ်ချက်က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားထားတာ ခက်ခက်ခဲခဲပါ။ ကမ္ဘာ့အမွေအနှစ်ဖြစ်ဖို့ သက်ဆိုင်ရာ အမွေအနှစ် ကမ္ဘာ့စံတန်ဖိုးတွေ ကိုက်ညီဖို့ လိုတာပေါ့။ ဒါတွေနဲ့ ကိုက်ညီမှ ဒီဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းသွင်းတာ။ ဘယ်လိုပဲပြောပြော အမွေအနှစ်စာရင်း သွင်းခံရတဲ့ နိုင်ငံတိုင်းက ဒီလိုဂိုကို စိုက်ထူကြ တယ်။ ပုဂံက ၂၀၁၉ ခနှစ်ကတည်းက အမွေ အနှစ်ရပြီး အခုချိန်ထိ လိုဂိုမစိုက်ရသေးလို့ ကျွန်တော်တို့က စိုက်ဖို့လုပ်တာပါ။ အောက်ခြေက အုတ်နဲ့လုပ်ပြီး သဲကျောက်တုံးပေါ်မှာ ဖော်ပြထားတဲ့ ဒီဇိုင်းတွေနဲ့ လုပ်မှာပါ။ ကျွန်တော် တို့ အလှူရှင်နဲ့ လုပ်တာပါ။ ခန့်မှန်းကုန်ကျငွေ တွက်ချက်တုန်းပါ။ ဒီဇိုင်းဆွဲထားတာက သဲကျောက်တုံးနဲ့ မြစေတီ ကျောက်စာပုံပေါ်မှာ အုတ်ခဲပုံပေါ်မှာ ဒီဇိုင်းထွင်းထားတာပါ။ လိုဂိုက နောက်ဆုံးဖိုင်နယ် ဒီဇိုင်းတော့ရပြီ။ ဒါတော့ အလှူရှင်ဘက်ကဆွဲတဲ့ ဒီဇိုင်းလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကော်မတီ အဆင့်ဆင့် နောက်ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကိုပါ ဒါနဲ့ပတ်သက်ပြီး စဉ်းစားဝေဖန်အကြံပြုဖို့ ပြောထားတာ ရှိပါတယ်။ နောက်ပိုင်း အားလုံးပြီးသွားရင် စိုက်ထူသွားမှာ ဖြစ်ပါတယ်” ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဆိုသည်။
ကျောက်စာတိုင် ငါးနေရာစိုက်ထူမည့် နေရာများမှာ ရွှေစည်းခုံဘုရားအနီး၊ ငါးမျက်နှာဘုရားအနီး (ခေမင်္ဂဘုရားစုရှေ့)၊ သရပါဂိတ်ရှေ့၊ ဓမ္မရံကြီးဘုရားအနီး၊ မင်းနန်သူရွာ ဆုတောင်းပြည့် အုတ်ကျောင်း အနီးတွင် စိုက်ထူသွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
