နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုခံထားရသည့် ဆရာတော်ဦးဝီရသူသည် နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးသို့ လာရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် မေ ၅ ရက်တွင် ရန်ကုန်မြို့အတွင်း ကျင်းပသည့် ပွဲတစ်ခုတွင် ဟောပြောခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းက ဦးဝီရသူအား ရာဇဝတ်အထွေထွေအမှုအမှတ် (၃၉/ ၂၀၁၉)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) ဖြင့် မေ ၂၈ ရက်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
ဆရာတော်ဦးဝီရသူမှာ တနေရာမှ နိုဝင်ဘာ ၁ ရက်က ကျောင်းသို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၂ ရက်တွင် အဖမ်းခံမည်ဟု လျှောက်ထားကြောင်း၊ ကမ္ဘာအေးရှိ သံဃာ့နာယကအဖွဲ့ရှိ ဆရာတော်များကို ဖူးမြော်ရန် သွားရောက်ခဲ့ကြောင်း ဆရာတော်ဦးဝီရသူနှင့်အတူ လိုက်ပါလာသည့် ဆရာတော်ဦးကေသရက မိန့်ကြားသည်။
“ဘုန်းကြီးတို့ကတော့ ဆရာတော်ဦးဝီရသူရဲ့ဆန္ဒအတိုင်း လိုက်လျောလိုက်တာပေါ့။ အခုတော့ လူဝတ်တော့ လဲလိုက်ပြီပေါ့။ လူဝတ်တော့လဲလိုက်ပြီ သိက္ခာမချဘူး။ ဒီနေ့က ရုံးပိတ်သွားတော့ မနက်ဖန် ၉ နာရီကို တရားရုံးတင်မယ်ပြောတယ်။ ပြီးတော့မှ ထောင်ကိုပို့မယ်ပြောပါတယ်” ဟု ဆရာတော်ဦးကေသရက မိန့်ကြားသည်။
အမှုအား ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်ပြီး ဆရာတော်ဦးဝီရသူကို အနောက်ပိုင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။
လက်ရှိတွင် ဆရာတော်ဦးဝီရသူကို အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးတွင် ထိန်းသိမ်းထားဆဲဖြစ်ကာ လာရောက်ဝန်းရံသည့် ဒကာ ဒကာမများကိုလည်း အိမ်သို့ပြန်ကြရန် ဆရာတော်၏ မိန့်ကြားမှုကြောင့် ဝန်းရံသူများက လူစုခွဲခဲ့ကြသည်။
လာရောက်အဖမ်းခံသည့် ဆရာတော်ဦးဝီရသူအား ရဲတပ်ဖွဲ့အင်အားအများအပြားဖြင့် စောင့်ကြပ်ထားသည်ကိုတွေ့ရပြီး လာရောက်ဝန်းရံသူအင်အားမှာလည်း ၅၀ နီးပါးခန့်ရှိသည်ကို တွေ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
