Top News

တိုင်းဒေသကြီး ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ကုသရေးဌာနများမှ တစ်ရက်အတွင်း ဆေးရုံဆင်းခွင့်ရသူ ၁၄၁၅ ဦးရှိ
24htopnews | December 14, 2024 12:12 AM CST

တိုင်းဒေသကြီး ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ကုသရေးဌာနများမှ တစ်ရက်အတွင်း ဆေးရုံဆင်းခွင့်ရသူ ၁၄၁၅ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီး ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံ ဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၄၁၅ ဦးတွင် ပြည်သူ့ဆေးရုံများမှ ၂၇၁ ဦး၊ COVID-19ရောဂါကုသရေးဌာနများမှ ၁၁၄၄ ဦး ပါဝင်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာ ကန့်သတ် ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာကန့်သတ်ထားရှိသူ စုစုပေါင်း ၁၁၂၄ ဦးတွင် Hotel Quarantine ၂၁၂ ဦး၊  Facility Quarantine ၁၃၀ ဦး၊  Community Based Facility Quarantine ၆၈၂ ဦးနှင့် Anosmia Center ၁၀၀ ဦး ပါဝင်ပြီး ၎င်းတို့ အား နေအိမ်များတွင် အသွားအလာဆက် လက်ကန့်သတ်ထားရှိကြောင်း သိရသည်။

အရေးပေါ်လူနာအမျိုးမျိုးအတွက် ဆေးဝါးများပြတ်လပ်မှုမရှိစေရန် လိုအပ်သည့်ဆေးဝါးများ ကြိုတင်ဝယ်ယူရန်နှင့် လူနာများပြားစွာတက်ရောက်သော ဆေးရုံများကို ဆေးနှင့်ဆေးပစ္စည်းဝယ်ယူရန် ဘတ်ဂျက် ပိုမိုတိုးမြှင့်ချထားပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်က နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ COVID-19 လူနာဆောင်များနှင့် အထူးကြပ်မတ် ကုသဆောင်များသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှုရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ ခြင်းဖြစ်သည်။

နေပြည်တော် (ခုတင်-၁၀၀၀) ဆံ့ ဆေးရုံကြီးတွင် COVID-19 လူနာများ သီးခြား ထားရှိကုသရန် ခုတင် ၄၄ ခုတင်၊ COVID-19 ဓာတ်ခွဲအတည်ပြု လူနာများ သီးခြား ထားရှိကုသရန် ခုတင် ၈၀၊ COVID-19 ရောဂါကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းများအတွက် သီးခြားထားရှိကုသရန် ၁၆ ခု တင်နှင့် COVID-19 ဓာတ်ခွဲအတည်ပြုလူ နာများအား အထူးကြပ်မတ်ကုသရန် ကိုးခုတင် ပြင်ဆင်ထားရှိမှု၊ အောက်ဆီဂျင်ပေးကု သရန် အောက်ဆီဂျင်ပွိုင့် ၁၀၁ ခု၊ အထူးကြပ်မတ်ကုသဆောင်တွင် အသက်ရှုစက် ကိုးလုံးနှင့် စက်ပစ္စည်းများ လက်ရှိတွင် တပ်ဆင်ထားရှိမှုနှင့် အောက်ဆီဂျင်ပေးကုသရန် အောက်ဆီဂျင်ပွိုင့် ၄၄ ခုနှင့် အသက်ရှုစက် ခြောက်ခုတို့ တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် နေပြည်တော်နှင့်အနီးတဝိုက်တွင် နေထိုင်ကြသော ပြည်သူများ၊ ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များသာမက အခြားတိုင်းဒေသကြီး ပြည်နယ် ခုနစ်ခုမှ ပြည်သူများက အားကိုး အားထားပြုကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသည့် နေပြည်တော် ပြည်သူ့ ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဆေးရုံအုပ်ကြီး ၊ ဆေးရုံအုပ်များ၊ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်ခွဲ၊ ဓာတ်မှန်ပညာရှင်များ၊ ကုသမှုအထောက်အကူပြုပညာရှင်များနှင့် ဝန်ထမ်းများအားလုံး၏ အရည်အသွေးပြည့်ဝသော ကျန်းမာရေးဝန် ဆောင်မှုပေးခြင်းကို အသိအမှတ်ပြုကြောင်း ၊ ဝန်ကြီးဌာနအနေဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်- ၁၀၀၀ အား ရန်ကုန် ပြည်သူ့ဆေးရုံကြီးနှင့် အဆင့်တန်းတူ ဆေး ရုံကြီးအဖြစ်သာမက စံနမူနာပြဆေးရုံကြီး ဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ထပ်မံလိုအပ်မည့် ပစ္စည်းကိရိယာများ ပံ့ပိုး ပေးပြီး ဝန်ထမ်းများအားလည်း ဆက်လက် ခန့်ထားမည်ဖြစ်ကြောင်း ၊ ဆေးရုံကြီးရှိ တန် ဖိုးကြီး ဓာတ်ခွဲဓာတ်မှန် စက်ပစ္စည်းများ အ ပါအဝင် စက်ပစ္စည်းကိရိယာများ ပုံမှန်ထိန်း သိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ရန်အတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့ကာ စနစ်တကျ သုံးသပ်ပြီး စက်ပစ္စည်းများ အမြဲတမ်းလည် ပတ်နေရန်အတွက် ဆောင်ရွက်စေလို ကြောင်း၊ ဆေးရုံသတင်း အချက်အလက်စနစ်အား အဆင့်မြင့်တိုးချဲ့ဆောင်ရွက်ရန် မှာ အရေးကြီးသဖြင့် ဝန်ကြီးဌာနရှိ ကျန်းမာ ရေးသတင်းအချက်အလက်ဌာနခွဲနှင့် eHealth Unit တို့မှ တာဝန်ရှိသူများနှင့် အ မြန်ဆုံး ဆွေးနွေးဆောင်ရွက်စေမည်ဖြစ် ကြောင်း နှင့် အရေးပေါ်လူနာအမျိုးမျိုးအ တွက် ဆေးဝါးများ ပြတ်လပ်မှုမရှိရန် လိုအပ် သည့်ဆေးဝါးများကို ကြိုတင်ဝယ်ယူစု ဆောင်းထားရမည်ဖြစ်ပြီး ယခုနှစ်တွင် မြန် မာနိုင်ငံရှိ လူနာများပြားစွာတက်ရောက် သော ဆေးရုံများကို ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူရန် ပိုမိုတိုးမြှင့်ချထားမည်ဖြစ်ကြောင်း စသည်တို့ကို ပြောကြားသည်။

                            


READ NEXT
Cancel OK