Top News

မလေးရှားနိုင်ငံတွင် အကြောင်းကြောင်းကြောင့် ဆက်လက် နေထိုင်ရန် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသား သုံးထောင်ကျော် နေရပ်ပြန်ရန် စာရင်းပေးသွင်းထား
24htopnews | December 14, 2024 12:12 AM CST

မလေးရှားနိုင်ငံတွင် အကြောင်းကြောင်းကြောင့် ဆက်လက်နေထိုင်ရန် အခက်အခဲ ဖြစ်နေသည့် မြန်မာနိုင်ငံသား သုံးထောင်ကျော် နေရပ်ပြန်ရန် စာရင်းပေးသွင်းထားကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ သိရသည်။

မလေးရှားနိုင်ငံတွင် အကြောင်းကြောင်းကြောင့် ဆက်လက် နေထိုင်ရန် အခက်အခဲ ဖြစ်နေသည့် မြန်မာနိုင်ငံသားများက နေ့စဉ် အီးမေလ်၊ ဖုန်း၊ Viber ၊WhatsApp များအပြင် သံရုံးသို့ လူကိုယ်တိုင် လာရောက်၍ မြန်မာနိုင်ငံသို့ပြန်ရန် စာရင်းပေးသွင်းလာကြောင်း သိရသည်။

ကယ်ဆယ်ရေး လေယာဉ်များကို ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန်သို့ တစ်ပတ်လျှင် တစ်ကြိမ်သာ ပျံသန်းခွင့် ပြုထားသဖြင့် လေယာဉ်ခရီးစဉ်များ ပြည့်ဝလုံလောက်မှု မရှိဘဲ မြန်မာနိုင်ငံသို့ ပြန်ရောက်ရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

သံရုံးအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်း၊ နေထိုင်ခွင့် သက်တမ်းများ ကုန်ဆုံးသွားသည့် မြန်မာနိုင်ငံသားများ၊ ထိန်းသိမ်းရေးစခန်းများ၌ ကာလရှည်ကြာစွာ စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားများ၊ ပင်လယ်ပြင်၌ တာဝန်များ ထမ်းဆောင်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်ရန် မလေးရှားနိုင်ငံ ၌ Quarantine နှစ်ပတ်နေထိုင်၍ စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား သင်္ဘာသားများ၊ စာသင်နှစ် ကုန်ဆုံးသွား၍ မြန်မာနိုင်ငံသို့ ပြန်ရန် စောင့်ဆိုင်းနေသည့် ကျောင်းသားများ၊ ကျန်းမာရေးချို့တဲ့သူများကို ကယ်ဆယ်ရေး လေယာဉ်များဖြင့် မျှတလိုက်ပါနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာ ၉၆၀ ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို  နိုဝင်ဘာ ၁ ရက်နှင့် ၅ ရက်တို့တွင် မလေးရှားအစိုးရ၏ ကယ်ဆယ်ရေး လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမည် ဖြစ်သည်။

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းရေးစခန်း ၁၃ ခုရှိပြီး အဆိုပါ ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသား အများစုသည် စာရွက်စာတမ်း မပြည့်စုံသဖြင့် ဖမ်းဆီးခြင်းခံရရာ အချို့မှာ ကလေးမီးဖွားရန် ဆေးရုံတက်ရာတွင် စာရွက်စာတမ်း မပြည့်စုံသဖြင့် လည်းကောင်း၊ အချို့မှာ ပွဲစားများ၏ ပါမစ်အတု ပြုလုပ်မှုကြောင့် လေဆိပ်၌ အဖမ်းခံရသူများလည်း ပါဝင်သည်။

မလေးရှားနိုင်ငံ၌ စာရွက်စာတမ်း မပြည့်စုံဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မလေးရှားအစိုးရက နှစ်စဉ် ဒဏ်ကြေးလျှော့ပေါ့ပေးရန် အထူးဆောင်ရွက်ပေးသည့် (B for G) ကာလများတွင် မြန်မာနိုင်ငံသို့ပြန်၍ တရားဝင် စာရွက်စာတမ်း အပြည့်အစုံဖြင့် လာရောက်အလုပ် လုပ်ကိုင်သင့်ပါကြောင်း မြန်မာသံရုံးက အကြံပြုထားသည်။                                       


READ NEXT
Cancel OK