ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်တွင် အလုပ်သမားများကို အချိန်ပို (OT) ခေါ်ယူခြင်းသည် ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခြင်းဖြစ်ပြီး နိုင်ငံသားတစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်ကို နှောင့်ယှက်သည့် မည်သည့်အလုပ်ရှင်မဆို တည်ဆဲဥပဒေအရ အရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က နိုဝင်ဘာ ၂ ရက်တွင် တောင်းဆိုချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်သည် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနေ့ဖြစ်ပြီး ယင်းနေ့သည် တနင်္ဂနွေနေ့လည်းဖြစ်ကာ ရက်သတ္တပတ်၊ အလုပ်ပိတ်ရက် အနားယူရသည့်ရက်လည်း ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အမိန့်ညွှန်ကြားချက်များအရ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို မကျင့်သုံးနိုင်စေရန် လည်းကောင်း၊ ဆန္ဒမဲပေးခြင်းကို ပျက်ပြားစေရန် လည်းကောင်း ဆောင်ရွက်သူသည် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်ပြီး မဲပေးမည့် နေ့ရက်တွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၏ အလုပ်ရှင်များ၊ စီမံခန့်ခွဲသူများအနေဖြင့် အချိန်ပို (OT) ခေါ်ယူရန် ပြင်ဆင် ဆောင်ရွက်နေသည်ဟု သိရှိရကြောင်း၊ အထွေထွေရွေးကောက်ပွဲနေ့တွင် အချိန်ပို (OT) ခေါ်ယူခြင်းသည် အလုပ်သမားများ၏ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး (Rights to Vote)၊ နိုင်ငံသားတစ်ဦး၏ ဆန္ဒမဲပေးခွင့် အခွင့်အရေးများကို ပျက်ပြားစေရန် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ အထွေထွေ ရွေးကောက်ပွဲနေ့တွင် အလုပ်ရှင်များ၊ စီမံခန့်ခွဲသူများအနေဖြင့် အချိန်ပို (OT) ကို ခေါ်ယူခြင်းသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အမိန့်ညွှန်ကြားချက်များကို ချိုးဖောက်ခြင်းလည်းဖြစ်ပြီး အချိန်ပို (OT) ခေါ်ယူခြင်းကို မပြုလုပ်ပါရန် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM ) ၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
