မန္တလေးမြို့ ကျုံးပတ်လည်တွင် အမျိုးဘာသာသာသနာစောင့်ရှောက်သူကိုမဲပေးကြမည် ဟူသော စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့ကြသူများအနက် ဦးဆောင်သူ နှစ်ဦးကို ယနေ့ (နိုဝင်ဘာ ၃ ရက်) တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်က စတင်ပြီး မန္တလေးမြို့ ၆၆ လမ်းနှင့် ၂၆ ဘီလမ်း (ကျုံးအရှေ့ဘက်)၊ ၇၃ လမ်းနှင့် ၂၆ ဘီလမ်းထောင့် (ကျုံးတောင်ဘက်)၊ လမ်း ၈၀ နှင့် ၂၆ ဘီ လမ်းထောင့် (ကျုံးအနောက်ဘက်)၊ ၁၂ လမ်းနှင့် လမ်း ၈၀ ထောင့် (ကျုံးမြောက်ဘက်) စသည့်နေရာတို့တွင် အဖွဲ့အလိုက် စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
"ဒီကနေ့ လုပ်တာကတော့ အမျိုးဘာသာသာသနာ စောင့်ရှောက်သူကို မဲပေးဖို့ စတစ်ကာကမ်ပိန်း ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ငါးနေရာမှာ ပြုလုပ်တာပါ။ ကမ်ပိန်းဖြစ်တဲ့အတွက် အကြောင်းကြားစရာ မလိုဘူး။ COVID စည်းကမ်းနဲ့လည်း ညီအောင် တစ်ဖွဲ့ကို လူ သုံးဆယ်တောင်မပြည့်ဘဲ လှုပ်ရှားတာ ဖြစ်ပါတယ်"ဟု စတစ်ကာကမ်ပိန်း ပြုလုပ်ရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးနိုင်က လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
ထိုသို့ စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး ဦးဆောင်ကြသူများဖြစ်သည့် ဦးနိုင်နှင့် တရားလွှတ်တော် ရှေ့နေဖြစ်သူ ဦးဇော်ဝိတ်တို့ကို အောင်မြေသာစံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ပတ်သက်၍ မည်သည့် ဥပဒေဖြင့် အရေးယူရန် ဆောင်ရွက်နေခြင်းကို သိရှိလိုကြောင်း ခေါ်ဆောင်သွားသည့် အမှတ် (၅) ရဲစခန်းမှူးသို့ မေးမြန်းခဲ့သော်လည်း ဖြေကြားခဲ့ခြင်း မရှိပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
