မြန်မာ့စီးပွားရေးနှင့် ပြည်သူများသည် အကြပ်အတည်း စိန်ခေါ်မှုမျိုးစုံ၏ရိုက်ခတ်မှုကို ရင်ဆိုင်နေရကြောင်း ဒီဇင်ဘာ ၁၁ ရက်က ကျင်းပသည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့် လေ့လာမှုအစီရင်ခံစာ ထုတ်ပြန်ပွဲမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ် မြန်မာ့စီးပွားရေးခန့်မှန်းချက်မှာ အနှုတ် တစ် ရာခိုင်နှုန်း ဖြစ်ပြီး ပဋိပက္ခများကြောင့်လာမည့် ခြောက်လအတွင်း မေခရိုစီးပွားရေး မငြိမ်သက်မှုက ဆက်လက် ဖြစ်ပေါ်နေနိုင်ကြောင်း ကမ္ဘာ့ ဘဏ်၏အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးသည် သဘာဝဘေးအန္တရာယ်များ ကျရောက်မှု၊ ဆက်လက် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခအခြေအနေနှင့် ကျယ်ပြန့်စွာ ဖြစ်ပေါ်နေသည့် အခြေခံကုန်စည် ရှားပါး ပြတ်လတ်မှုများကြောင့် ကြီးမားသည့် သက်ရောက်မှုနှင့် ရင်ဆိုင်နေရပြီး စီးပွားရေးမျှော်မှန်းချက်မှာ အားရဖွယ် မရှိဟု ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ အသစ်က ဆိုသည်။ လတ်တလော ထုတ်ပြန်လိုက်သည့် မြန်မာ့နိုင်ငံ စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ လက်ရှိ ဘဏ္ဍာရေးနှစ် မတ်လ ၂၀၂၅ ခုနှစ် အတွက် စီးပွားရေးခန့်မှန်းချက်မှာ အနှုတ် ၁ ရာခိုင်နှုန်း ဖြစ်သည်။ ယင်းမှာ ကမ္ဘာ့ဘဏ်၏ ယခင် ခြောက်လက ခန့်မှန်းချက် ထက်ပို၍ လျော့နည်းသည့် စီးပွားရေးတိုးနှုန်း ခန့်မှန်းချက်ဖြစ်သည်။
ကုန်ကြမ်း ပြတ်လတ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ဆက်လက် ဖြစ်ပေါ်နေသည့် ပြည်တွင်း ဝယ်လို အားနည်းမှု တို့ကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့် ဝန်ဆောင်မှု ကဏ္ဍ အသီးသီးတို့တွင် တိုးတက်မှုမရှိဘဲ ဆက်လက် ကျဆင်းနေမည်ဟု ခန့်မှန်းသည်။ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်စုစုပေါင်း၏ ထက်ဝက်ခန့်သည် ပဋိပက္ခအခြေအနေများနှင့် ရင်ဆိုင်နေရသည်။ ထိုအချက်က ကုန်စည်ထုတ်လုပ်မှု ထောက်ပံ့ရေး ကွင်းဆက်တစ်ခုလုံးနှင့် နယ်စပ် ကုန်စည် ကူးသန်းရောင်းဝယ်ရေးအား ဆက်လက် အကျိုး သက်ရောက်နေမည်။ လာမည့် ခြောက်လအတွင်း မေခရိုစီးပွားရေး မငြိမ်သက်မှုက ဆက်လက် ဖြစ်ပေါ် နေနိုင်သည်။ ထိုသို့ အကြပ်အတည်း စိန်ခေါ်မှု အမျိုးမျိုး အကြားတွင် ရာဂီတိုင်ဖုန်း ဝင်ရောက်မှုနှင့် မုတ်သုတ်မိုး သည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် တစ်နိုင်ငံလုံးအနှံ့အပြားတွင် ဆိုးဆိုးရွားရွား ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ မြို့နယ်ပေါင်း ၁၉၂ တွင်နေထိုင်သည့် ပြည်သူစုစုပေါင်း ၂.၄ သန်း ထိခိုက်ခံစားခဲ့ကြရသည်။ ရေကြီး ရေလျှံမှုများကြောင့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ရပြီး ကုန်စည်ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ရသည်။ စီးပွားရေး လုပ်ငန်းစုစုပေါင်း၏ သုံးပုံ တစ်ပုံခန့်နှင့် စိုက်ပျိုးရေး လုပ်ငန်း အားလုံး၏ ထက်ဝက်ကျော်ခန့်မှာ ရေကြီး ရေလျှံမှုကြောင့် အလွန်အမင်း နှစ်နာဆုံးရှုံးခဲ့ရသည်။ အကျိုးဆက်မှာ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက် လာခဲ့ပြီး စားနပ်ရိက္ခာ ပြတ်လတ်မှု အခြေအနေ ပိုမို ဆိုးရွားလာခဲ့သည်။
“မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ်မှာ လတ်တလော ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်တွေနဲ့ ပဋိပက္ခ အခြေအနေတွေက ကြီးကြီးမားမား သက်ရောက်မှု ဖြစ်ပေါ်ခဲ့တာကြောင့် အိမ်ထောင်စုတွေက ကုန်ဈေးနှုန်း တက်တဲ့ ဒဏ်နဲ့ လုပ်သားဈေးကွက်အားနည်းမှု ဒဏ်တွေကို ခါးစည်းခံနေရတယ်။ ထိခိုက်လွယ်မှု အရှိဆုံး ဖြစ်တဲ့ ပြည်သူတွေရဲ့ ဘဝတွေ၊ အလုပ်အကိုင်တွေ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရေးတကြီးနဲ့ လျင်လျင်
မြန်မြန် ပံ့ပိုး ဆောင်ရွက်ပေးရပါမယ်” ဟု ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ညွှန်ကြားရေးမှုး မာလင်ဒါဂွတ်ဒ် က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
